ခွေးအကောင်ရေ ၂၈ ကောင်က သေဆုံးနေတဲ့သခင်ဖြစ်သူရဲ့ခြေထောက်ကို စားသောက်ပြီး အသက်ရှင်ဖို့လုပ်ခဲ့ကြတဲ့ဖြစ်ရပ်

30.7.2024-yyl-1.jpg

ဘန်ကောက်အိမ်တစ်အိမ်အတွင်းမှာ ခွေးအကောင်ရေ ၂၈ ကောင်ဟာ သူတို့သခင်သေဆုံးပြီးနောက် စားစရာမရှိလို့ သခင်ရဲ့ခြေထောက်ကို စားသောက်ပြီး ရက်တော်တော်ကြာ အသက်ရှင်နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ခွေးတွေက အိမ်အတွင်းပိတ်မိနေတဲ့အတွက် သေဆုံးသွားတဲ့ သူ့သခင်ကို စားစရာအဖြစ် စားသောက်ခဲ့ကြတာဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါတယ်။

အသက် ၆၂ နှစ်အရွယ် Attapol Charoenpithak ရဲ့ရုပ်အလောင်းကို ဇူလိုင် ၂၇ ရက်နေ့ ညနေခင်းက Khlong Sam Wa ခရိုင်ရှိ သူ့နေအိမ်ရဲ့ဒုတိယထပ် အိပ်ခန်းအတွင်း တွေ့ရှိခဲ့ရတာပါ။ သူဟာ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိတယ်လို့သိရပြီး အဲ့ဒီဆက်စပ်ရောဂါတွေနဲ့ သေဆုံးနေပုံရပါတယ်။

သူ့ရဲ့ခွေးတွေကို ဖောင်ဒေးရှင်းတစ်ခုနဲ့ အာဏာပိုင်တွေကို ကယ်ဆယ်ခဲ့ကြပါတယ်။ Attapol ရဲ့ကားကို ဘယ်မှမသွားဘဲ တစ်ပတ်လောက်အထိ သူ့အိမ်ရှေ့မှာ ရပ်ထားတာကို အိမ်နီးချင်းတစ်ဦးက သတိထားမိပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။ Attapol က နေ့တိုင်း ဈေးကို ကားမောင်းပြီးသွားလေ့ရှိတာပါ။ အဲ့ဒီအိမ်နီးချင်းက Attapol ရဲ့အိမ် ခေါင်းလောင်းကို နှိပ်ကြည့်တော့ အိမ်ထဲ မီးလင်းနေပြီး ဘာမှတုံ့ပြန်လာခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။

Ruamkatanyu Foundation က တာဝန်ရှိသူတွေဟာ နေအိမ်အတွင်းအမှိုက်သရိုက်တွေနဲ့ ခွေးအညစ်အကြေးတွေလည်း တွေ့ရှိခဲ့ရပါတယ်။ Attapolရဲ့ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ Police General Hospital ကို ပို့ဆောင်ခဲ့ပါတယ်။ ခွေးတွေကို ကယ်ဆယ်ဖို့ The Voice Foundation ကို တာဝန်ရှိသူတွေက ခေါ်ပေးခဲ့ကြပါတယ်။ Attapol က သူ သေဆုံးပြီးတဲ့နောက် ဖောင်ဒေးရှင်းဆီ ခွေးတွေအားလုံးကို လွှဲပြောင်းပေးဖို့ သဘောတူထားခဲ့တယ်လို့လည်း သိရပါတယ်။

Ref: Owner dies in Bangkok home, 28 of his dogs eat his leg to survive
WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top