ကောလိပ်ကနေ ဘွဲ့ရပြီးနောက် ရူပနက္ခတ္တဗေဒ ပညာရှင်ပါ ဖြစ်ချင်နေတဲ့ (၁၁) နှစ်သားလေး ဝီလျံ

intl04.jpg

မဲပေးဖို့ အသက်မပြည့်သေးပါဘူး။ ကားမောင်းလို့ရတဲ့ အရွယ်လည်း မဟုတ်သေးပါဘူး။ ဒါပေမဲ့လည်း ဝီလျံ မိုင်းလိစ် (William Maillis) ဆိုတဲ့ကောင်လေးက

ကောလိပ်ဒီဂရီတစ်ခုကို ရရှိထားပြီးပါပြီ။

အသက် (၁၁) နှစ်သာရှိသေးတဲ့ ဝီလျံဟာ ပြီးခဲ့တဲ့ စနေနေ့ကပဲ ဖလော်ရီဒါမှာရှိတဲ့ St. Petersburg ကောလိပ်ကျောင်းရဲ့ အနုပညာရပ်ဆိုင်ရာ ဒီဂရီဘွဲ့ကိုယူဖို့ စတိတ်စင်ပေါ် လျှောက်လို့နေခဲ့ပါတယ်။

St. Petersburg ကောလိပ်ကျောင်းရဲ့ ဥက္ကဌ ဒေါက်တာ တွမ်ရန်း ဝီလျံ (Dr. Tonjua Williams) ဆိုသူက “ဝီလျံရဲ့လုပ်ပုံကိုင်ပုံတွေက ကျွန်တော့်အတွက်တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဉာဏ်ရည်ကလည်း ထက်မြက်တယ်။ ပွင့်ပွင့်လင်းလင်းရှိပြီး အများနဲ့လည်း ပူးပေါင်းလုပ်ဆောင်တတ်တဲ့ ကလေးပါ။” လို့ CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

ဝီလျံဟာ အသက် (၉) နှစ်အရွယ်မှာ အထက်တန်းအောင်ခဲ့ပြီး (၂၀၁၆) ခုနှစ်မှာ ကောလိပ်စတက်ခဲ့ပါတယ်။သူရဲ့မိဘတွေကတော့ ဝီလျံဟာ အမြဲ ပထမနေရာမှာပဲ ပြေးနေတဲ့သူလို့ ပြောပြပါတယ်။ အသက် (၂) နှစ်အရွယ်လောက်ကတည်းက ရိုးရိုးသင်္ချာတွေကို တွက်နေနိုင်ပြီး အသက် (၄) နှစ်အရွယ်ရောက်တဲ့အခါမှာတော့ အက္ခရာသင်္ချာပုစ္ဆာတွေကိုပါ စတင်လေ့လာနေခဲ့ပါတယ်။

“လူတိုင်းမှာ ဘုရားကပေးတဲ့ လက်ဆောင်ဆိုတာ ရှိပါတယ်။ ကျွန်တော်ကတော့ ဗဟုသုတတွေ၊ သိပ္ပံပညာတွေနဲ့ သမိုင်းကြောင်းတွေကို လက်ဆောင်အဖြစ်ရခဲ့ပါတယ်” လို့ ဝီလျံက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကဲ … နောက်ထပ် သူဘာတွေများ ဆက်လုပ်သွားဦးမှာပါလဲ။ ရှေ့လထဲမှာ တောင်ပိုင်းဖလော်ရီဒါတက္ကသိုလ်က ဖွင့်လှစ်မယ့် အတန်းတွေကိုတက်ပြီး သူ့ရဲ့ပညာရေးခရီးလမ်းကို ဆက်လျှောက်သွားဦးမှာလို့ ဝီလျံကဆိုပါတယ်။

“ကျွန်တော် ရူပနက္ခတ္တဗေဒပညာရှင်ဖြစ်ချင်တယ်။ ပြီးတော့ ကမ႓ာကြီးမှာ ဘုရားတကယ်ရှိကြောင်း သိပ္ပံပညာဘက်ကနေ သက်သေပြချင်တယ်” လို့ ဝီလျံက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝီလျံဟာ လူတော်တော်များများ ကောလိပ်တက်နေကြဆဲအရွယ်ဖြစ်တဲ့ အသက် (၁၈) နှစ်အရွယ်မှာတင် ပါရဂူဘွဲ့ယူဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

Ref : CNN “He just graduated from college and wants to be an astrophysicist. Oh, and he’s 11”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top