မိခင်ဝမ်းဗိုက်ထဲမှာကတည်းက အရေးပေါ်ခွဲစိတ်မှု လုပ်ခဲ့ရတဲ့ကလေးငယ် လမ်းလျှောက်နိုင်ပြီ

5.1.24-yyl-2.jpg

Piper Kelly, a healthy 5 year old captured on the fter undergoing spinal surgery while in the womb of her mother. November 12 2023. See SWNS story SWNAspine. A little girl whose parents feared she might be wheelchair-bound for life can now walk and run - thanks to £9k womb surgery. Georgia Axford and Tyler Kelly, then just 19 and 21, were told their unborn baby had spina bifida after the 20-week scan.The condition causes weakness or paralysis in the lower limbs - and the parents were told it was likely the

မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကျောရိုးမ အရေးပေါ်ခွဲစိတ်မှု လုပ်ခဲ့ရတဲ့ မိန်းကလေးငယ်ဟာ အခုအခါမှာ အသက် ၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လမ်းလျှောက်နိုင်နေပါပြီ။ အက်စ်ဖို့ဒ်နဲ့ တေလာကယ်လီတို့ စုံတွဲဟာ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၀ မှာ ultrasound ရိုက်ကြည့်တော့ သန္ဓေသားမှာ ကျောရိုးထုံးတဲ့ အခြေအနေ ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

Georgia Axford, 19, and Tyler Kelly, 21, with baby Piper-Koh. See SWNS story SWOCspine. A baby who had pioneering surgery on her spine while in the WOMB to stop her being disabled has been born completely healthy. Georgia Axford, 19, and Tyler Kelly, 21, discovered their daughter had spina bifida � a gap in the spine – during the 20-week scan. The condition causes weakness or paralysis in the lower limbs, leaving sufferers dependent on supports or crutches, and in severe cases they can be wheelchair-b

ကျောရိုးထုံးတဲ့ အခြေအနေကြောင့် ခန္ဓာကိုယ်အောက်ပိုင်း အားနည်းတာ၊ အကြောသေတာတွေ ဖြစ်စေနိုင်ပြီး လမ်းမလျှောက်နိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆရာဝန်က သူတို့ကို သတိပေးခဲ့ပါတယ်။ သူတို့စုံတွဲက အမေရိကန်ဒေါ်လာ ၁၁၅၀၀ အကုန်အကျခံပြီး ဂျာမနီနိုင်ငံမှာ သန္ဓေသားကို ခွဲစိတ်ကုသခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လမှာတော့ ကယ်လီကို မွေးဖွားခဲ့တာပါ။ သန္ဓေသားဘဝမှာ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာသောမတ်စ်ခိုးလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ကို ပိုက်ပါခိုးလ်ကယ်လီကို အမည်ပေးခဲ့တာပါ။ ကယ်လီနဲ့ ဒေါက်တာသောမတ်စ်ခိုးလ်တို့က မွေးနေ့ တစ်ရက်တည်းဖြစ်ပြီး အခုထိလည်း နွေးထွေးတဲ့ ဆက်ဆံရေးရှိနေဆဲပါ။ အခုအခါမှာတော့ ကယ်လီက အသက် ၅ နှစ် ရှိနေပြီဖြစ်ပြီး လမ်းလျှောက်နိုင်နေပါပြီ။ ကျောင်းအားကစားပွဲတွေမှာလည်း ပါဝင်ကစားနေနိုင်ပါပြီ။

Ref:Baby That Had Spinal Surgery While in the Womb Can Now Walk and Run

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top