၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် စင်ကာပူနိုင်ငံရဲ့ အငယ်ဆုံး သေနတ်ပစ်အားကစားမယ်

yyl-026-4.jpg

တတ်စ်ဆာ နီယို (Tessa Neo) ဆိုတဲ့ အသက် (၂၁) နှစ်အရွယ် သေနတ်ပစ်အားကစားသူလေးက ၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ စင်ကာပူနိုင်ငံရဲ့ အငယ်ဆုံး အားကစားသမားဖြစ်လာခဲ့ပါတယ်။ သူဟာ နိုဝင်ဘာ (၅) ရက်နေ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Shooting Championships ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့တာကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီခဲ့တာပါ။

နီယိုက 10m Air Rifle Women Individual နောက်ဆုံးပွဲမှာ ဒုတိယနေရာရရှိခဲ့ပြီး ASC ပြိုင်ပွဲမှာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဆုတံဆိပ်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ နီယိုက ဆုတံဆိပ်ရရှိတာ၊ အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းမီတာတွေအပြင် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ စင်ကာပူသေနတ်ပစ်အသင်းအတွက် quota spot ကိုလည်း ရခဲ့ပါတယ်။

နီယိုက ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိသွားခဲ့တဲ့ ရန်ရှန်နဲ့က နောက်ဆုံးရမှတ် ဝ.၂ အကွာနဲ့သာ ငွေတံဆိပ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးရမှတ်စုစုပေါင်းက အမြင့်ဆုံးရမှတ် ၂၆၁.၆ မှတ်မှာမှ ၂၅၁.၄ မှတ်ကို ရရှိခဲ့ပါတယ်။ နီယိုနဲ့က ၂၂.၅ မှတ်အကွာ (၂၂၈.၉)နဲ့ ကြေးတံဆိပ်ဆုရရှိသွားသူကတော့ ဂျောင်အွန်ဟီးဖြစ်ပါတယ်။

နီယိုက ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ သေနတ်ပစ်အားကစားမယ်တစ်ယောက်ဖြစ်ပါတယ်။

Ref: Tessa Neo, 21, is youngest S’pore shooter to qualify for 2020 Tokyo Olympics

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top