ကြည်လင်ဝင်းပတဲ့အသားရေကို ပိုင်ဆိုင်စေမယ့် သဘာဝနည်းလမ်းများ

yyl-023-4.jpg

အသက်အရွယ်ရလာတာနဲ့ ကျွန်မတို့အသားရေတွေက မွဲခြောက်ခြောက်ဖြစ်လာကြပါတယ်။ ပတ်ဝန်းကျင်က ဖုံမှုန့်တွေ၊ ညစ်ညမ်းတဲ့ လေတွေကလည်း အသားရေကို ကြမ်းတမ်းခြောက်သွေ့စေနိုင်ပါတယ်။ မဲညစ်ပြီး ခြောက်သွေ့ကြမ်းတမ်းတဲ့မျက်နှာကို ဂရုစိုက်ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းကတော့ သဘာဝအတိုင်းကုသတာပါပဲ။ သဘာဝပစ္စည်းတွေနဲ့ ဂရုစိုက်ထိန်းသိမ်းရမှာဆိုတော့ ဈေးကြီးတန်တွေဝယ်မသုံးရတာကြောင့် ငွေကုန်ကြေးကျအရမ်းသက်သာပါတယ်။ ဒါကြောင့် ပျိုမေတွေ ပိုက်ဆံမကုန်ဘဲ လိုက်လုပ်ကြည့်လို့ရအောင် ရေဓာတ်မပြည့်ဝတဲ့အသားရေနဲ့ မွဲခြောက်ခြောက်ဖြစ်တဲ့အသားရေကို ကုသနိုင်မယ့် သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။

(၁) သံပုရာအဆီနဲ့ မြေပဲဆီတို့ကို စားပွဲတင်ဇွန်း (၁) ဇွန်းစီ ရောစပ်လိုက်ပါ။ အဲဒီအရောအနှောကို မျက်နှာမှာ လိမ်းလိုက်ရမှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါမှာ မျက်နှာသစ်လိုက်ရမှာပါ။ ဒီနည်းက အသားရေကို ကြည်လင်ဝင်းပစေရုံသာမက ဆားဝက်ခြံနဲ့ ဝက်ခြံတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၂) ရှာစောင်းလက်ပက်ဂျယ်ကို မျက်နှာပေါ်က အမဲစက်နေရာတွေမှာ တစ်နေ့ (၂) ကြိမ်လိမ်းပေးမယ်ဆိုရင် အမဲစက်တွေမှေးမိန်လာမှာဖြစ်ပါတယ်။

(၃) နွားနို့ထဲကို ဇာတိပ္ဖိုလ်သီးထည့်ပြီး မျက်နှာပေါင်းတင်လို့ရအောင် ရောစပ်လိုက်ပါ။ အဲဒီအရောနှောကို ဝက်ခြံပေါ်မှာ လိမ်းလိုက်မယ်ဆိုရင် ဝက်ခြံအမာရွတ်မကျန်စေဘဲ အသားရေကြည်လင်လာပါလိမ့်မယ်။

(၄) ပျားရည် စားပွဲတင်ဇွန်း (၃) ဇွန်းနဲ့ သစ်ကြံပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း (၃) ဇွန်းတို့ကို ရောစပ်လိုက်ပါ။ အဲဒီအရောအနှောကို ညအိပ်ရာဝင်ခါနီးမှာ ဝက်ခြံပေါ်မှာ လိမ်းလိုက်ပါ။ မနက်ကျရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်လိုက်ပါ။ ဒီနည်းက ဝက်ခြံတွေကို သက်သာသွားစေတဲ့အပြင် အသားရေကိုလည်း မွဲခြောက်ခြောက်မဖြစ်ဘဲ စိုပြေလာစေပါတယ်။

(၅) နနွင်း လက်တစ်တို့စာနဲ့ နံနံပင်အရည် စားပွဲတင်ဇွန်း (၁) ဇွန်းတို့ကို ရောစပ်ပြီး အသုံးပြုလိုက်ပါ။ ဒီနည်းက မျက်နှာပေါ်က အညစ်ကြေးတွေကို သန့်စင်စေပြီး ဝက်ခြံနဲ့ ဆားဝက်ခြံကုသတဲ့နေရာမှာလည်း ထိရောက်မှုရှိပါတယ်။

(၆) နံ့သာဖြူမှုန့်နဲ့ မတ်ပဲမှုန့်တို့ကို ရောစပ်လိုက်ပြီး မျက်နှာပေါ်မှာ တစ်ညလုံးလိမ်းထားလိုက်ပါ။ နောက်နေ့မနက်ကျရင် ရေအေးနဲ့ မျက်နှာသစ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းကလည်း အသားရေမွဲခြောက်ခြောက်ဖြစ်တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။

Ref: Natural face packs to get glowing skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top