အကျိုးကျေးဇူးများစွာရှိတဲ့ ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ ခြေထောက်ရေစိမ်နည်းများ

yyl-035-1.jpg

ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းတဲ့ ခြေထောက်ရေစိပ်တာက Spa သွားပြီး လုပ်စရာမလိုပါဘူးနော်။ ပိုက်ဆံအကုန်အကျ နည်းနည်းနဲ့ အိမ်မှာ ကိုယ်တိုင်လုပ်ပြီး ခြေထောက်ရေစိပ်လို့ရပါတယ်။ ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ ခြေထောက်ရေစိပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ခေါင်းအစခြေအဆုံးထိ ကောင်းကျိုးတွေရှိပါတယ်။ ပါဝင်ပစ္စည်းအမျိုးမျိုးကိုထည့်ပြီး ခြေထောက်ရေစိမ်မယ်ဆိုရင် ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်လဲဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါနော်။

ရောင်ရမ်းနေတဲ့ခြေထောက်အတွက် ရေပူ၊ ရေအေးတစ်လှည့်စီ စိမ်နည်း

အပူချိန်ကွာခြားတဲ့ရေကလည်း ခြေထောက်မှာရှိတဲ့ သွေးလည်ပတ်မှုကို ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ သင်သုံးတဲ့ရေကို အရမ်းမပူပါစေနဲ့။ ရေဇလုံနှစ်ခုယူလာပြီး ပထမဇလုံထဲကို ရေပူထည့်၊ နောက်ဇလုံထဲမှာ ရေအေးထည့်လိုက်ပါ။ ရေပူဇလုံထဲကို (၁၀) မိနစ်လောက် ခြေထောက်ရေစိမ်လိုက်ပါ။ ပြီးရင် ရေအေးဇလုံထဲကိုပြောင်းပြီး (၁၀-၁၂) မိနစ်လောက် ခြေထောက်ရေစိပ်လိုက်ပါ။ အဲဒီနောက် ထပ်ပြီးတော့ (၅) မိနစ်လောက် ရေပူထပ်စိပ်လိုက်ပါ။ အဲဒီလိုခြေထောက်ရေစိပ်ပေးတာက ခြေထောက်ရောင်ရမ်းခြင်းကို သက်သာသွားစေနိုင်ပါတယ်။

ခြေထောက်အနံ့ဆိုးအတွက် အချဉ်ဓာတ်နဲ့ ရေစိမ်နည်း

ခြေထောက်ရေစိပ်တာက ခြေထောက်အနံ့ဆိုးတွေကို ဖယ်ရှားပေးရုံသာမက ခြေဖဝါးနာကျင်ယားယံခြင်းကိုလည်း သက်သာစေတဲ့နည်းပါပဲ။ ရေနွေးနွေးထည့်ထားတဲ့ဇလားထဲကို သံပယိုသီးတစ်လုံး၊ သံပုရာသီးတစ်လုံး၊ လိမ္မော်သီးတစ်လုံးတို့ကို စိပ်ပြီးထည့်လိုက်ပါ။ အဲဒီနောက်မှာ ပူရှိန်းအဆီ (၄) စက်၊ လက်ဖက်ပင်အဆီ (၄) စက်၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၃) ဇွန်းတို့ကို ရောထည့်လိုက်ပါ။ ပြီးရင် အဲဒီရောစပ်ထားတဲ့အရည်ထဲကို နာရီဝက်လောက် ခြေထောက်ကို စိပ်ရမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေလျော့ဖို့အတွက် ယူကလစ်အဆီနဲ့ ခြေထောက်ရေစိမ်နည်း

ခြေထောက်ရေစိမ်ပေးတာက စိတ်ဖိစီးမှုကင်းဝေးစေသလို စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။ ရေနွေးနွေးလေးအပြည့်ထည့်ထားတဲ့ ရေဇလားထဲကို အိုင်အိုဒင်းဆားအနည်းငယ်၊ ယူကလစ်အဆီ (၁၀-၁၂) စက်ထည့်လိုက်ပါ။ ပြီးရင် ရောစပ်ထားတဲ့ရေထဲကို မိနစ် (၂၀-၃၀)လောက် ခြေထောက်ရေစိမ်ရမှာဖြစ်ပါတယ်။

ကြွက်သားနာကျင်ခြင်းအတွက် လာဗင်ဒါဆီနဲ့ ခြေထောက်ရေစိမ်နည်း

လာဗင်ဒါပင်က သဘာဝအလျောက် နာကျင်မှုတွေကို ပြေပျောက်စေတဲ့ဂုဏ်သတ္တိရှိပါတယ်။ လာဗင်ဒါဆီနဲ့ ခြေထောက်ရေစိမ်တာက အဆစ်အမြစ်ကိုက်ခဲတာ၊ ကြွက်သားနာကျင်တာတွေကို သက်သာသွားစေနိုင်တဲ့အပြင် လာဗင်ဒါဆီကလည်း စိတ်ကို တည်ငြိမ်စေပါတယ်။ ရေနွေးနွေးလေးထည့်ထားတဲ့ ရေဇလားထဲ အိုင်အိုဒင်းဆား အနည်းငယ်၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၂) ဇွန်း၊ လာဗင်ဒါဆီ (၆) စက်တို့ကို ထည့်လိုက်ပါ။ ပြီးရင် အဲဒီဇလားထဲကို (၁၅) မိနစ်၊ မိနစ် (၃၀) လောက် ခြေထောက်စိမ်ရမှာပါ။

အဝါရောင်သမ်းတဲ့ ခြေသည်းတွေအတွက် သံပုရာရည်နဲ့ ခြေထောက်စိမ်နည်း

ခြေထောက်ရေစိပ်ခြင်းက ခြေသည်းတွေ ဝါညစ်ညစ်ဖြစ်တာ၊ ဝါရောင်သမ်းနေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီပြဿနာကို သံပုရာသီးစိပ်နဲ့ ခြေသည်းကို ပွတ်ပေးလို့လည်းရပါတယ်။ ရေထဲကို သံပုရာအရည်ထည့်ပြီး ခြေထောက်ရေစိမ်ပေးမယ်ဆိုရင်လည်း ခြေသည်းဝါညစ်ညစ်ဖြစ်တာတွေကို ဖယ်ရှားပေးပါတယ်။
Ref: Types of Foot Baths and Which Health Problems They Can Solve

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top