နိုင်ငံရေးလောကနဲ့မစိမ်းကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

actor_collage.jpg

နိုင်ငံရေးလောကနဲ့မစိမ်းကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

အားကစားနဲ့ဖျော်ဖြေရေးနယ်ပယ်ရဲ့အောင်မြင်ကျော်ကြားသူတွေထဲမှာ နိုင်ငံရေးနယ်ပယ်ဘက်ကိုကူးပြောင်းပြီး နိုင်ငံရေးသမားဖြစ်သွားကြတဲ့နာမည်ကျော်ပုဂ္ဂိုလ်တွေက များစွာရှိခဲ့ဖူးပါတယ်။ တချို့က တာဝန်ကအနားယူပြီးကြသလို တချို့ကတော့ တာဝန်ထမ်းဆောင်နေဆဲ၊ ထမ်းဆောင်နိုင်ဖို့ပြင်ဆင်နေကြဆဲပါ။ အခုဖော်ပြပေးလိုက်တာက အားကစားနဲ့ဖျော်ဖြေရေးနယ်ပယ်က ကမ္ဘာကျော်တချို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်းဖြစ်ပါတယ်။ လေ့လာဖတ်ရှုကြည့်လိုက်ပါဦး။

၁။ ရော်နယ်ရေဂင် (Ronald Reagan)

၁၉၈၁ ခုနှစ်မှာ (၄၀) ဦးမြောက် အမေရိကန်သမ္မတဖြစ်လာခဲ့တဲ့ က ရုပ်ရှင်မင်းသားတစ်ဦးဖြစ်ခဲ့ဖူးတာကို အတော်များများက မေ့နေတတ်ကြပါတယ်။ သူက ၁၉၆၇ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာချိန်ကစပြီး နိုင်ငံရေးနယ်ပယ်ထဲကို ကူးပြောင်းခဲ့သူပါ။

၂။ အာနိုးလ် ရှဝါဇ်နဂါ (Arnold Schwarzenegger)

ကာယဗလနဲ့ ရုပ်ရှင်လောကမှာ နာမည်ကျော်ကြားသူဖြစ်တဲ့ အာနိုးလ် ရှဝါဇ်နဂါရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုတော့ ၂၀၀၃ ခုနှစ်မတိုင်ခင်အထိ ဘယ်သူမှကိုမသိခဲ့ပါဘူး။ မင်းသားကြီး အာနိုးလ်က ၂၀၀၃ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ ဂရေး ဒေးဗစ် (Gray Davis) ကိုအပြတ်အသတ်အနိုင်ရပြီး ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၃။ စတီဗင်ဆီးဂဲလ် (Steven Seagal)

စတီဗင်ဆီးဂဲလ်ဟာ ၂၀၀၈ ခုနှစ်တုန်းက ရုရှား-အမေရိကန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထူးသံတမန်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခန့်အပ်ခြင်းခံခဲ့ရသူပါ။ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားတဲ့သူက ရုရှား-အမေရိကန် နှစ်နိုင်ငံသံတမန်ရေးတိုးတက်ကောင်းမွန်ဖို့ အစွမ်းကုန်ကြိုးစားပေးလိုစိတ်ရှိကြောင်းကို ထုတ်ဖော် ပြောထားပါတယ်။

၄။ ဝီလ်စမစ်သ် (Will Smith)

၂၀၁၅ က အင်တာဗျူးတစ်ခုမှာ ” နိုင်ငံရေးနယ်ပယ်ဘက်ကိုကြည့်မိတော့ အဲဒီမှာ ကျွန်တော့်အတွက်အနာဂတ်တစ်ခု ရှိလိမ့်မယ်လို့ထင်မိတယ်။ ကျွန်တော့်ကိုလိုအပ်မယ့်နေရာမျိုး၊ အိပ်မပျော်နိုင်လောက်အောင်ဖြစ်ရစေမယ့်အလုပ်မျိုးပေါ့” လို့ ဝီလ်စမစ်သ်ကဖြေခဲ့ဖူးပါတယ်။ အဲဒီလိုထုတ်ပြောခဲ့ပြီးနောက်ပိုင်းကစလို့ သူ့ရဲ့နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ခုထိ မရေမရာဖြစ်နေဆဲပါပဲ။

၅။ မန်နီပက်ကွီအို (Manny Pacquiao)

၂၀၁၆ မေလကစပြီး ဖိလစ်ပိုင်လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ကစ်ဘောက်ဆင်ကမ္ဘာ့ချန်ပီယံ ပက်ကွီအိုကတော့ ၂၀၂၂ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အထိရည်မှန်းထားတာဖြစ်ပါတယ်။ လက်ရှိဖိလစ်ပိုင်သမ္မတ ဒူတာတေရဲ့ ထောက်ခံအားပေးမှုကိုရရှိထားပြီး ဒူတာတေကိုယ်တိုင်ကလည်း ပက်ကွီအိုကိုသမ္မတဖြစ်လာစေချင်တယ်လို့ ပြောထားဖူးပါတယ်။

၆။ ကန်ယေးဝက်စ် (Kanye West)

နာမည်ကျော် ရပ်အဆိုတော် ကင်ယေးဝက်စ်ကလည်း သူ့ရဲ့သမ္မတဖြစ်လာရေးအစီအစဉ်တွေကို အခါခါဖွင့်ဟဖူးသူပါ။ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ပြင်ထားပေမဲ့ ၂၀၂၄ မှဝင်ပြိုင်သင့်တယ်လို့ တွစ်တာမှတ်ချက်တစ်ခုက သူ့ကိုအကြံပြု ခဲ့ပါတယ်။ သူကလည်း “ဟုတ်ပြီ ဒါဆိုရင် ကျွန်တော် လေ့လာပြင်ဆင်မှုတွေလုပ်ဖို့ အချိန်အများကြီးရနိုင်တာပေါ့” လို့ ပြန်ပြောထားပါတယ်။

၇။ ဒွိန်းဂျွန်ဆင် (Dwayne Johnson)

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ ပြင်ဆင်ထားသူတွေထဲမှာ ဒွိန်းဂျွန်ဆင် (The Rock) လည်းပါနေပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေး ကမ်းပိန်းကော်မတီတစ်ခုဖွဲ့ဖို့ထိ လေ့လာပြင်ဆင်ခဲ့ပေမဲ့ နောက်ထပ် သူ့ရဲ့လှုပ်ရှားမှုတွေကိုတော့ မတွေ့လာရသေးပါဘူး။

Ref: Men’s Health “Famous People You Forgot Ran for Office”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top