လေယာဉ်မစီးပဲ ကမ္ဘာအနှံ့ ခရီးမိုင်ပေါင်း ၁၃၀၀၀ ကျော်ကိုသွားခဲ့ကြတဲ့ မိသားစု

yyl-014.jpg

မိသားစုနဲ့အတူ ကမ္ဘာအနံ့ခရီးသွားဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ အဆိုးဆုံးကတော့ ကလေးတွေနဲ့ ခရီးသွားရခြင်းပါပဲ။

ခရီးသွားတဲ့အခါ ကလေးတွေပါတော့ မလွတ်လပ်သလို မိမိသွားလိုရာကိုလည်း မြန်မြန်မရောက်တဲ့အတွက် ဒီခရီးကို အမြန်ဆုံးအဆုံသတ်နိုင်စေမဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း တွေနဲ့ ဆက်သွယ် ကြပါတယ်။ အကယ်၍ ကလေးတွေနဲ့ ခရီးသွားခဲ့မယ်ဆိုရင်လည်း ခရီးတိုလေးတွေကိုသာ ရွေးချယ်တတ်ကြပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံက မိသားစုတစ်စုကတော့ မိမိတို့သွားလိုတဲ့ နေရာမျိုးစုံကို လေယာဉ်မစီးပဲ သွားခဲ့ကြပါတယ်။

{loadposition article-id-229}

ဒီမိသားစုရဲ့ ရည်ရွယ်ချက်က ကမ္ဘာအနံ့မှာရှိတဲ့ လှပပြီး အံ့ဩစရာကောင်းလှတဲ့ မြင်ကွင်းတွေကို ကြည့်ရှုချင်လို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဇန်စ်ကာ တောင်စွယ်တွေမှာရှိတဲ့ ဗုဒ္ဓရဲ့ အမွေအနှစ် ဘုန်းတော်ကြီးကျောင်းတွေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ဂရိတ်ဝေါတို့ကိုမြင်တွေ့ ရဖို့အတွက် ကနေဒါကနေ လေယာဉ်မစီးပဲ အခြားပို့ဆောင်ရေး ယာဉ်တွေကို အသုံးပြုကာ ခရီးထွက်ခဲ့ကြပါတယ်။ သူတို့အသုံးပြုခဲ့ကြတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေက လှေ ၊ သဘောၤ ၊ မီးရထား ၊ ကား တို့အပြင် ရံဖန်ရံခါ လမ်းလျှောက်ပြီးတောင် ခရီးဆက်ကြပါတယ်။ ဒီလို ခရီးထွက်လာခဲ့ကြတဲ့အခါ အချို့ညတွေဆို လမ်းမှာတင် အိပ်ရတဲ့ အခြေနေတွေနဲ့လည်း ရင်ဆိုင်ကြရပါတယ်။

အံ့ဩစရာကောင်းတာကတော့ ဒီလို ကြမ်းတမ်းတဲ့ ခရီးလမ်းကို မငြီးမငြူလိုက်ပါကြတဲ့ သုံးနှစ်အရွယ် နဲ့ ခုနှစ်နှစ် အရွယ် သားလေးနှစ်ယောက်ပါပဲ။ ဒီမိသားစုဟာ သူတို့ရဲ့ ခရီးသွားလာမှုကို ဗီဒီယို မှတ်တမ်းတင်ကာ ခရီးသွား တီဗီအစီအစဉ်တစ်ခုကို ပြသခဲ့ပါတယ်။ ခရီးသွားတီဗီအစီအစဉ်တစ်ခုက သူတို့ ထုတ်လွှင့်နေကြဖြစ်တဲ့ အစီအစဉ်ရဲ့ အပိုင်း ၉ အဖြစ် တင်ဆက်ခြင်းကိုခံခဲ့ရပါတယ်။ ဒါဟာ လူတိုင်းက မဖြစ်နိုင်ဘူးလို့တွေးထားတဲ့အရာတစ်ခုကို သက်သေပြလိုက်တဲ့ မိသားစုတစ်စုရဲ့ ကြိုးစားအားထုတ်မှုပဲဖြစ်ပါတယ်။

Ref : dailymail

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top