တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ်ဒေသရှိ မြေမြုပ်မိုင်းတွေကို စတင်ဖယ်ရှား

103643781_gettyimages-483542422.jpg

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်မှာရှိနေတဲ့ မြေမြုပ်မိုင်း ၈သိန်းကျော်ထဲက အချို့ကို စတင်ဖယ်ရှားနေကြောင်း သိရပါတယ်။ တောင်ကိုရီးယားဟာ နယ်စပ်ဒေသ ပန်မွန်ဂျွန်ရွာက နိုင်ငံပူးတွဲ လုံခြုံရေးဧရိယာမှာ မြေမြုပ်ဖယ်ရှားတာတွေကို စတင်လုပ်ဆောင်နေပါတယ်။

စစ်သား ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ကိုရီးယားစစ်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေက မြေမြှပ်မိုင်းတွေကို ပြန်ဖယ်ရှားနေတာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်တို့ ပြီးခဲ့တဲ့လမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် မြေမြုပ်မိုင်းတွေ ဖယ်ရှားဖို့ကို သဘောတူခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နယ်စပ်ဒေသက မြေမြုပ်မိုင်းတွေကို နောက်ရက်ပေါင်း ၂၀ အတွင်း စစ်သားတွေက ဖယ်ရှားသွားရဖွယ်ရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြေမြုပ်မိုင်းတွေကို ဖယ်ရှားပြီးနောက်မှာလည်း နယ်ခြားစောင့် အဆောက်အဦတွေ၊ လက်နက်တွေကို ထပ်မံ ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ်ဒေသမှာ တင်းမာမှုတွေ ဖြေရှင်းနိုင်ဖို့ လက်နက်မတပ်ဆင်ထားတဲ့ တပ်ဖွဲ့တွေသာ ချထားသွားဖွယ် ရှိနေပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ် စစ်မဲ့ကင်းစင်ရေးဇုန်ဟာ အရှည် ၁၅၅ မိုင် ရှိပြီး အကျယ် ၂ ဒသမ ၅ မိုင်ရှိနေပါတယ်။ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားနိုင်ငံ တို့ဟာ ၁၉၅၃ ခုနှစ်ကဖြစ်ခဲ့တဲ့ ကိုရီးယားကျွန်းဆွယ် စစ်ပွဲ ပြီးဆုံးခဲ့ပေမဲ့ နှစ်နိုင်ငံကြား တင်းမာမှုရှိနေခဲ့ရာကနေ လက်ရှိမှာတော့ အရင်ကထက် အခြေနေတွေ တိုးတက်လာနေတာ ဖြစ်ပါတယ်။

Ref: Reuters “Koreas begin clearing landmines from heavily fortified border”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top