မိုးရာသီမှာ ဆင်ခြင်စရာ

rain_large.jpg

ရိုးရာလေးမိတ်ဆွေတို့သိကြတဲ့အတိုင်းပဲ မိုးရာသီလည်းရောက်လာပြီဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေလည်းရှိလာပြီပေါ့။ ဒါကြောင့် စိုစွတ်လှတဲ့မိုးရာသီမှာ ဆင်ခြင်စရာတွေကို မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါတယ်

၁။ ရေများများသောက်ပါ။

ရာသီဥတုအေးလို့ ရေသောက်တဲ့ပမာဏ နည်းသွားတတ်ပါတယ်။ရေငတ်မှသောက်တာမျိူးမဟုတ်ပဲ ရေကိုပုံမှန်အတိုင်းသောက်ပေးပါ။

၂။ ထီး၊မိုးကာ စသည့်မိုးအကာများယူသွားပါ။

မိုးကဖွားဖွားလေးပဲ ထီးမယူတော့ပါဘူးလေ မလုပ်ပါနဲ့။ အပြင်ထွက်ပြီဆိုတာနဲ့ ထီးယူပါ။

၃။ မိုးမိလာပြီဆိုတာနဲ့ ရေတမ်းချိူးပါ။

မိုးရေခြောက်တဲ့အထိ စောင့်ပြီးမှချိူးတာမျိူးမလုပ်ပါနဲ့။

၄။ အိမ်ကိုခြောက်သွေ့အောင်ထားပါ။

မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းများက စိုစွတ်တဲ့အတွက် မုွိစွဲလွယ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်  နေရာထိုင်ခင်းများကို ခြောက်သွေ့အောင်ထားပါ။

၅။ ခြင်ဆေးပုံမှန်ဖြန်းပါ။

မိုးရာသီသည် ခြင်အပေါဆုံး ရာသီဖြစ်ပါတယ်။ ခြင်ဆေးပုံမှန်မဖြန်းလျှင် ဌက်ဖျားတို့ သွေးလွန်တုပ်ကွေး တို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးပုံမှန်ဖြန်းပါ။

၆။ မျက်လုံးထိခြင်းကို ရှောင်ကြဉ်ပါ။

မိုးရေစိုနေသောလက်ဖြင့် မျက်လုံးထိခြင်းကို ရှောင်ကြဉ်ပါ။

၇။ Vitamin C ဓာတ်ပါသော အစားအစာများများစားပါ။

၈။ အပြင်စာ လျှော့စားပါ။

၉။ Moisturizer သုံးပါ။

လေထဲမှာပါတဲ့ အငွေ့တွေက အသားအရေကို ခြောက်စေတတ်ပါတယ်။ dry skin ဖြစ်လာလျှင် cream moisturizer လေး လိမ်းပေးပါ။ ဒါကိုလိမ်းထားခြင်းအားဖြင့် ပြင်ပက ဝင်လာတဲ့ စိုစွတ်မှုတွေ အငွေ့တွေက မျက်နှာကို မထိခိုက်စေတော့ပါဘူး။

၁၀။ အိပ်ရေး၀ဝအိပ်ပါ။

အနည်းဆုံး ၇နာရီတော့ အိပ်စက်သင့်ပါတယ်။ အိပ်စက်မုွနည်းလျှင် ဖျားနိုင်ချေ ၃ဆ ပိုများပါတယ်။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင်ဟာ ကျန်းကျန်းမာမာနဲ့ မိုးရာသီကို ဖြတ်ကျော်နိုင်မှာ သေချာနေပါပြီ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top