ဟိုချီမင်းနဲ့ ဟနွိုင်းကို နေ့စဉ်ပျံသန်းပြေးဆွဲတော့မယ့် Vietnam Airlines

VA31.jpg

Vietnam Airlines ဟာ ဇွန်လ ၁၅ရက်နေ့မှ စတင်ပြီး ရန်ကုန်မှ ဟိုချီမင်းနှင့် ဟနွိုင်းမြို့တွေကို နေ့စဉ် ပျံသန်းပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ ဒီကနေ့ Sule-Shangrila မှာ ကျင်းပတဲ့ Tour Selling Seminar မှာ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ Vietnam Airlines ဟာ ရန်ကုန်ကနေ ဟနွိုင်းကို ၁ပတ်ကို ၅ကြိမ်သာ ပြေးဆွဲနေလျက်ရှိပြီး ရန်ကုန်-ဟိုချီမင်းခရီးစဉ်ကတော့ ရပ်ဆိုင်းထားလျက်ရှိပါတယ်။

Vietnamနိုင်ငံဟာ မြန်မာခရီးသွားများအကြား ပြီးခဲ့တဲ့နှစ်တွေက စတင်ပြီး စိတ်ဝင်စားမှုမြင့်တက်လာပြီး Halong Bay ၊ ဟနွိင်း၊ ဟိုချီမင်း၊ ဆိုင်ဂုံမြို့တို့ကို သွားရောက်သူတွေ များပြားခဲ့ကြပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top