အသားရေနဲ့ ဆံသားအတွက် သင်္ဘောသီးရဲ့ အစွမ်းထက်အာနိသင်

papaya-1.jpg

သင်္ဘောသီးကို ကောင်းကောင်းအသုံးပြုမယ်ဆိုရင် သင့်အသားရေကို ကြည်လင်စေနိုင်တဲ့ အသီးအမျိုးအစားဖြစ်ပါတယ်။ ပရိုတင်းဓာတ်တွေကို ပျော်ဝင်စေနိုင်တဲ့ ပါပိန်း (Papain) အင်ဇိုင်းဓာတ်ပါဝင်တဲ့ အသီးလည်းဖြစ်ပါတယ်။ သင့်အသားရေကို Scrub လုပ်နိုင်စွမ်း၊ ချွေးပေါက်ပွင့်စေနိုင်စွမ်း၊ ဝက်ခြံကာကွယ်ပေးနိုင်စွမ်း တောင်ရှိပါတယ်။ ဒီအသီးမှာပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေက ဦးရေပြားမှာဖြစ်တည်နေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဦးရေပြားအတွက်လည်း ကောင်းကျိုးတွေရှိပါတယ်။ သင်္ဘောသီးရဲ့ အင်ဇိုင်းဓာတ်တွေက ဦးရေပြားက ဆဲလ်အသေတွေကို ဖယ်ရှားခြင်းဖြင့် ကျန်းမာသန့်စွမ်းတဲ့ဆံပင်ကို ပေးစွမ်းနိုင်ပါတယ်။ အသားရေနဲ့ဆံသားတွေကို ကျန်းမာသန်စွမ်းစေချင်တဲ့ ပျိုမဒီတွေအတွက် သင်္ဘောသီးရဲ့ အစွမ်းထက်အာနိသင်နဲ့ အိမ်မှာကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဗောက်တွေကို ဖယ်ရှားပေးမယ့် သင်္ဘောသီး ဆံပင်ပေါင်းတင်ဆေး

ဗောက်ထနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် ဗောက်တွေကို ကင်းစင်သွားစေမယ့် သင်္ဘောသီးဆံပင်ပေါင်းတင်ဆေး လုပ်နည်းလေးပြောပြမယ်နော်။ ပေါင်းတင်ဆေးလုပ်ဖို့ဆိုရင် ကြေမွထားတဲ့ သင်္ဘောသီးပမာဏအနည်းငယ်ကို ပန်းသီးအရက်ဗင်နီဂါ၊ အုန်းဆီတို့နဲ့ ရောစပ်ပေးဖို့လိုပါတယ်။ ရောစပ်ပြီးသွားရင် ဆံသားကို ပေါင်းတင်ပေးလို့ရပါပြီ။ သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်က ဦးရေပြားမှာ ဗောက်ထခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ပန်းသီးအရက်ဗင်နီဂါကလည်း ဦးရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ အက်ဆစ်ကလည်း ဗောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

မျက်နှာကို ကြည်လင်ဝင်းပသွားစေမယ့် သင်္ဘောသီးမျက်နှာပေါင်းတင်ဆေး

သင်္ဘောသီးက အသားရေကို ကြည်လင်စေဖို့ ကူညီပေးနိုင်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဘီတာ ကာရိုတင်းဓာတ်တွေ ပြည့်ဝပါတယ်။ မျက်နှာပေါင်းတင်ဖို့ဆိုရင် သင်္ဘောသီးကို ပျားရည်နဲ့ရောစပ်လိုက်ရုံပါပဲ။ ဒါမှ လက်တစ်အက်ဆစ်နဲ့ သဘာဝအင်ဇိုင်းဓာတ်တွေက မျက်နှာကြည်လင်သွားဖို့အတွက် သေချာလုပ်ဆောင်ပေးနိုင်ပါတယ်။

အသားရေရောင် ညီညာသွားစေမယ့် Scrub

အသားရေက ဆဲလ်အသေတွေ ဖယ်ရှားပြီး အသားရေကို ကြည်လင်ချင်ရင် သင်္ဘောသီးက စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အုတ်ဂျုံမှုန့်တချို့နဲ့ သင်္ဘောသီးတို့ကို ရောစပ်ပြီး အသားရေကို Scrub လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီနောက် သင့်ခန္ဓာကိုယ်မှာ ဒီScrub ကို အသုံးပြုပြီး ဖြည်းညင်စွာ နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် အသားရေရောင်မညီညာတာတွေကိုလည်း လျော့ပါးသွားစေတဲ့အပြင် အရေပြားဆဲလ်အသေတွေကိုလည်း ဖယ်ရှားသွားစေမှာဖြစ်ပါတယ်။

ရေဓာတ်ဖြည့်ပေးမယ့် ဆံပင်ပေါင်းတင်ဆေး

သင့်ဆံသားကို ရေဓာတ်ဖြည့်ပေးချင်ရင် ငှက်ပျောသီးတစ်လုံး၊ သင်္ဘောသီးအနည်းငယ်၊ သံလွင်ဆီအနည်းငယ်တို့ကို ရောစပ်ပေးကာ ဦးရေပြားနဲ့ ဆံပင်အဖျားတွေကို လိမ်းပေးလိုက်ပါ။ ဒီပါဝင်ပစ္စည်းအားလုံးက သင့်ဆံသားကို အစိုဓာတ်ဖြည့်ပေးပြီး ဆံသားကို ပျော့ပျောင်းသွားစေနိုင်ပါတယ်။

Ref: Papaya can do wonders for your skin and hair. Here are some DIYs hacks to use this super fruit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top