12-3-2020-yyl-004.jpg

ပူအိုက်လှတဲ့ရာသီမှာ အသားရေ ကြည်လင်စိုပြေချင်သူတွေအတွက်

ပူပြင်းလှတဲ့ နွေရာသီမှာလည်း အသားရေထိန်းသိမ်းမှုတွေ လုပ်ကြရပါတယ်။ ဒီလိုအချိန်အမျိုးမှာ အရေပြားကျန်းမာရေးအတွက် အထူးဂရုစိုက်ပေးသင့်ပါတယ်။ လေထုညစ်ညမ်းမှုကစလို့ နေရောင်ခြည်အပူချိန်အထိ ကျွန်မတို့ရဲ့အသားရေတွေက ကြည်လင်စိုပြေမှုမရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေတတ်ပါတယ်။ ဆောင်းရာသီမှာ အသားရေထိန်းသိမ်းသလိုပဲ နွေရာသီမှာလည်း လုပ်ပေးသင့်ပါတယ်။ နွေရာသီမှာ ရေဓာတ်ပြည့်ဝအောင် နေဖို့နဲ့…

unnamed-6.png

ပူစီနံရွက်ရဲ့အလှအပအကျိုးကျေးဇူးများ

ပူစီနံရွက်က မျက်နှာသစ်ဆေး၊ Moisturiser နဲ့ Lotion တွေလို အလှအပထုတ်ကုန်တွေထုတ်လုပ်တဲ့အခါ အရေးပါတဲ့ပါဝင်ပစ္စည်းတစ်ခုပါပဲ။ ပူစီနံရွက်က အရေပြားကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့အာဟာရဓာတ်တွေ ပြည့်ဝနေတာပါ။ ပူစီနံရွက်ရဲ့ အန်တီဘတ်တီးရီးရယ်ဂုဏ်သတ္တိတွေက မျက်နှာသစ်ဆေး၊ တိုနာနဲ့ Moisturiser တွေလို လုပ်ဆောင်နိုင်ပါတယ်။ စာဖတ်ပရိသတ်တွေမသိသေးတဲ့…

The-Big-Switcheroo-Skincare-Swaps-From-Winter-To-Summer_OI.jpg

နွေရာသီကာလ အသားရေထိန်းသိမ်းနည်း

အလွန်ပူပြင်းလှတဲ့နွေရာသီမှာလည်း အသားရေကို သေချာထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အခန့်မသင့်ရင် အသားရေကို ဆိုးရွားသွားစေနိုင်ပါတယ်။ နူးညံ့ချောမွေ့တဲ့အသားရေအတွက် အခုလိုရာသီမျိုးမှာ အသားရေထိန်းသိမ်းတဲ့နည်းကို ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး နေရောင်ဒဏ်ကာကွယ်ပေးတဲ့အလှကုန်ပစ္စည်းတွေကို သုံးပေးဖို့ လိုလာပါပြီ။ အစိုဓာတ်ထိန်းပေးနိုင်မယ့် Moisturizer ကိုလည်း သုံးပေးနိုင်ပါတယ်။ နေရောင်ခြည်ကာကွယ်ပေးတဲ့…

14-1-2021-yyl18.jpg

လည်ပင်းတစ်ဝိုက် အသားရေကျစ်လျစ်တင်းရင်းချင်ရင်

ကပ်ရောဂါအတွင်းမှာ အိမ်တွင်းအောင်းနေရပေမဲ့ အကောင်းဘက်ကနေကြည့်ရင် ကျွန်မတို့ရဲ့အသားရေကို ထိန်းသိမ်းဖို့အတွက် အချိန်ပိုရတယ်မလား။ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်က အသားရေတွေ လျော့ရဲရဲမဖြစ်ဘဲ ကျစ်လျစ်တင်းရင်းစေချင်ကြတဲ့သူတော်တော်များများရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လိုကုသရမလဲမသိဖြစ်နေကြတာပါ။ လည်ပင်းက အရေပြားတွေက ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားထက် အကြမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့် သေချာဂရုစိုက်ပေးဖို့…

1-10-2020-yyl-007.jpg

အသားရေနဲ့ဆံသားအတွက် ဗီတာမင်အီးကို ဘယ်လိုအသုံးပြုမလဲ

ဗီတာမင်အီးကို အသားရေမှာ အသုံးပြုမယ်ဆိုရင် အရေပြားအစွန်းရောက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး အရေပြားရဲ့သဘာဝအရေးအကြောင်းတွေကို ဖြစ်ပေါ်စေသောအကြောင်းရင်း (Free Radical)တွေကို တိုက်ဖျက်ပေးတဲ့အပြင် အသားရေကိုလည်း ရေဓာတ်ထိန်းပေးပါတယ်။ အဲဒီလို ဗီတာမင်အီးရဲ့အကျိုးကျေးဇူးတွေက ကြည်လင်တဲ့အသားရေကို သင့်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဆယ်လီတွေတောင် သူတို့ရဲ့တစ်နေ့တာမှာ ဗီတာမင်ဓာတ်တွေကို…

9-7-2020-yyl-029.jpg

အရွယ်တင်နုပျိုတဲ့ အသားရေကို ဆက်လက် ပိုင်ဆိုင်နေဖို့ဆိုရင်

အသက်အရွယ်ရလာတာနဲ့ ကျွန်မတို့ရဲ့ အသားရေတွေကလည်း အိုမင်းရင့်ရော်လာကြပါတယ်။ ငယ်ရွယ်စဉ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အသားရေကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် အသားရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းမျိုးမျိုးကို ကျွန်မတို့ပျိုမေတွေ သုံးနေရပါတယ်။ အိုမင်းခြင်းကို မဖြစ်မနေကြုံတွေ့ရမှာဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့အရာပါ။ ကျွန်မတို့လုပ်နိုင်တာကတော့ အိုမင်းရင့်ရော်လာတာကို နှေးသွားအောင်လုပ်ဖို့နဲ့ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတွေ…

papaya-1.jpg

အသားရေနဲ့ ဆံသားအတွက် သင်္ဘောသီးရဲ့ အစွမ်းထက်အာနိသင်

သင်္ဘောသီးကို ကောင်းကောင်းအသုံးပြုမယ်ဆိုရင် သင့်အသားရေကို ကြည်လင်စေနိုင်တဲ့ အသီးအမျိုးအစားဖြစ်ပါတယ်။ ပရိုတင်းဓာတ်တွေကို ပျော်ဝင်စေနိုင်တဲ့ ပါပိန်း (Papain) အင်ဇိုင်းဓာတ်ပါဝင်တဲ့ အသီးလည်းဖြစ်ပါတယ်။ သင့်အသားရေကို Scrub လုပ်နိုင်စွမ်း၊ ချွေးပေါက်ပွင့်စေနိုင်စွမ်း၊ ဝက်ခြံကာကွယ်ပေးနိုင်စွမ်း တောင်ရှိပါတယ်။ ဒီအသီးမှာပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေက ဦးရေပြားမှာဖြစ်တည်နေတဲ့…

2-6-2020-yyl-041.jpg

သလဲသီးရဲ့ အသားရေ ကောင်းကျိုးတွေ

သလဲသီးက အရသာရှိတဲ့အပြင် အကျိုးကျေးဇူးတွေလည်းရှိတဲ့ အသီးတွေထဲက တစ်ခုပါပဲ။ သလဲသီးက နှလုံးအားကောင်းစေတာကစပြီး လူခန္ဓာကိုယ်မှာ ရောဂါဖြစ်နိုင်ချေကို လျော့ချပေးတာအထိ အသုံးဝင်မှုများစွာရှိတဲ့အတွက် သလဲသီးကို လူတော်တော်များများ ကြိုက်ကြပါတယ်။ သလဲသီးက ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အသားရေအတွက်လည်း အစွမ်းထက်တဲ့အသီးဖြစ်ပါတယ်။ အသားရေကို…

4-6-2020-yyl-029.jpg

အသားရေကြည်လင်စေဖို့အတွက် ရာသီစာသရက်သီးနဲ့ မျက်နှာပေါင်းတင်ကြမယ်

အခုရာသီမှာ အသီးတွေရဲ့ဘုရင်လို့ပြောလို့ရတဲ့ သရက်သီးတွေကတော့ ပေါများလို့နေပါတယ်။ ထမင်းစားတဲ့အခါမျိုးမှာလည်း သရက်သီးက မပါမဖြစ်ပါ။ ထမင်းနဲ့စားရတာမကြိုက်တဲ့သူတွေကတော့ အချိုတည်းတဲ့အနေနဲ့ စားရတာကြိုက်ကြပါတယ်။ သရက်သီးမှည့်က စားရတာအရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်းရှိပါတယ်။ ဒါတင်မကသေးပါဘူး။ အသားရေအတွက်လည်း ကောင်းကျိုးတွေအများကြီးရှိပါတယ်။ သရက်သီးမှည့်တွေ ပေါများနေတဲ့ ဒီလိုအချိန်မျိုးမှာ အသားရေကြည်လင်သွားဖို့အတွက်…

15-5-2020-yyl-033.jpg

ကွန်ပျူတာနဲ့ဖုန်းတွေကထွက်တဲ့ အပြာရောင်အလင်းတွေကလည်း အသားရေကို ပျက်စီးစေနိုင်ပါတယ်

အခုလိုကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ ကျွန်တော်တို့တွေက ဖုန်း၊ ကွန်ပျူတာတွေနဲ့ အချိန်တော်တော်များများ ကုန်ဆုံးနေကြတယ်မလား။ အိမ်ကနေ ရုံးအလုပ်လုပ်နေရတဲ့အတွက် အချိန်တော်တော်များများကို ကွန်ပျူတာရှေ့မှာ ကုန်ဆုံးနေကြရပါတယ်။ ကွန်ပျူတာ၊ ဖုန်းတွေနဲ့ အချိန်ကုန်မိနေတဲ့သူတွေကို သတင်းလေးမျှဝေပေးချင်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းတွေက ထွက်တဲ့အလင်းတွေက အမြင်အာရုံကို အားနည်းစေရုံသာမက…