ကိုဗစ်ဖြစ်နေမှန်း သိရက်နဲ့ ကလေးကို ကျောင်းပို့ခဲ့တဲ့ မိဘတွေကြောင့် ကျောင်းသား/သူ ၇၅ ယောက် ကွာရန်တင်းဝင်ရ

7.12.2021yyl15.jpg

ကိုဗစ်-၁၉ ကူးစက်ခံထားရမှန်း သိရက်နဲ့ ကလေးကို ကျောင်းပို့ခဲ့တဲ့ မိသားစုတစ်စုရဲ့လုပ်ရပ်ကြောင့် အတန်းဖော် ၇၅ ယောက် ကွာရန်တင်း ဝင်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မာရင်စီရင်စု ကျောင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ မူလတန်းကျောင်းသားရဲ့မိဘတွေက သူတို့ကလေးမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ၇ ရက်ကြာ ကျောင်းပို့ခဲ့ခဲ့တာပါ။

အဲဒီကလေးငယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်ဆိုတာကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြည်သူ့ကျန်းမာရေးဌာနက သိရှိခဲ့ပြီး သူတက်နေတဲ့ ကျောင်းအမည်ကို မိဘတွေထံ ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ကျောင်းအမည်ကို ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။ နောက်ထပ်ဖုန်းခေါ်ဆိုမှုတွေကိုတော့ ကျောင်းသားမိဘတွေက လက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

နောက်ဆုံးမှာတော့ ပြည်သူ့ကျန်းမာရေးဌာနက အဲဒီကလေး တက်နေတဲ့ ကျောင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူနဲ့ ထိတွေ့မိခဲ့တဲ့ အတန်းဖော် ၇၅ ယောက်ဟာ နိုဝင်ဘာလ ၁၉ ရက်ကစလို့ ကွာရန်တင်းဝင်ခဲ့ရပြီး ကျေးဇူးတော်နေ့ အစီအစဉ်တွေလည်း ပျက်ပြယ်ခဲ့ရပါတယ်။

မာရင်စီရင်စု ပြည်သူ့ကျန်းမာရေးအဖွဲ့က ကျောင်းအာဏာပိုင်တွေထံ ဆက်သွယ်တော့မှ ဒီကိစ္စကို သိခဲ့တာပါ။ ဒီဖြစ်ရပ်က ဥပဒေချိုးဖောက်ရာရောက်တဲ့အတွက် ခရိုင်အစိုးရရှေ့နေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

Ref: CNN “Parents knowingly sent their child to school after they tested positive for Covid-19. 75 classmates were forced to quarantine”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top