မတ်လ ၂၃ ရက်နေ့က Zhejiang University ဆေးကျောင်းနဲ့ ဆက်စပ်နေတဲ့ ကလေးဆေးရုံတစ်ခုရဲ့ခွဲစိတ်ခန်းတစ်ခုမှာ လေးနက်တဲ့နှုတ်ဆက်ခြင်းအခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားဟာ အိမ်အနီးနားမှာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့တဲ့ အသက် ၃ နှစ်နဲ့ ၅ လအရွယ် ကလေးမလေးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းခွဲစိတ်လှူဒါန်းမှုအောင်မြင်ခြင်းအမှတ်အသားဖြစ်ပါတယ်။
မတ်လ ၁၁ ရက်နေ့က ရှောင်ကျူမိုင်း ဆိုတဲ့ ကလေးမလေးဟာ သူ့ရဲ့အိမ်အနီးနားမှာ ကစားနေတုန်း အသက်သေဆုံးစေတဲ့ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဆေးရုံဆီ အမြန်ပို့ဆောင်ခဲ့ပေမဲ့ သတိပြန်လည်မလာခဲ့ပါဘူး။ အဲ့ဒီနောက် Zhejiang University School of Medicine နဲ့ ဆက်စပ်တဲ့ ကလေးဆေးရုံရဲ့အရေးပေါ်ဌာနဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့မိဘတွေက သူ့သမီးရဲ့အသက်ကို မကယ်နိုင်တော့ဘူးဆိုတာ သိလိုက်ရတော့ အစမှာတော့ သူတို့ရွာဓလေ့အတိုင်း အမြန်ဆုံး မြေမြှုပ်သင်္ဂြဟ်ဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမဲ့ ဆေးရုံရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းမှုနဲ့ပတ်သက်ပြီး ကြားလိုက်ရတော့ သူတို့ရဲ့စိတ်တွေပြောင်းလဲသွားခဲ့ပါတယ်။ သူ့သမီးလေးရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းမှုက လိုအပ်နေတဲ့ အခြားကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ သူတို့မျှော်လင့်တဲ့အတိုင်းပဲ ကလေး ၃ ဦးရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
သမီးဖြစ်သူရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းခွဲစိတ်မှုအပြီးမှာ သူ့မိဘတွေဟာ သူ့သမီး ၃ နှစ်အရွယ်သာဖြစ်ပေမဲ့ ဉာဏ်ကောင်းပြီး စိတ်ပူအောင်မလုပ်ခဲ့ဘူးလို့ ပြောဆိုရင် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးခဲ့ပါတယ်။
Ref: Parents of Chinese girl, 3, donate her organs after fatal accident, saves 3 critically ill children
WL (ရိုးရာလေး)