လေယာဉ်ချိန် ၁၀ နာရီကျော် နောက်ကျလို့ စိတ်မရှည်တဲ့ ခရီးသည်က လေယာဉ်မှူးကို ပါးထရိုက်

19.1.24-yyl-11.jpg

လေယာဉ်ထွက်ခွာချိန် ၁၀ နာရီကျော် နောက်ကျခဲ့လို့ စိတ်မရှည်တော့တဲ့ အိန္ဒိယခရီးသည်တစ်ဦးက လေယာဉ်မှူးကို ပါးထရိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က နယူးဒေလီလေဆိပ်ကနေ ထွက်ခွာမယ့် IndiGo လေကြောင်းလိုင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ IndiGo လေကြောင်းလိုင်းနဲ့အတူ လိုက်ပါမယ့် ခရီးသည်တွေဟာ လေဆိပ်မှာ ၆ နာရီကြာ စောင့်ဆိုင်းခဲ့ရတဲ့အပြင် လေယာဉ်ပေါ် ရောက်ပြီးနောက်မှာလည်း ၄ နာရီကြာ ထပ်မံ စောင့်ဆိုင်းခဲ့ရပါတယ်။

အဲဒီအချိန်မှာ လေယာဉ်ထွက်နိုင်ဦးမှာ မဟုတ်သေးဘူး၊ ထပ်စောင့်ရဦးမယ်လို့ လေယာဉ်မှူးက ကြေညာခဲ့တဲ့နောက် စိတ်မရှည်တော့တဲ့ ခရီးသည်က လေယာဉ်မှူးကို ပါးရိုက်ခဲ့တာပါ။ အဲဒီဖြစ်ရပ်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ဘယ်စကီယာရဲ့ ပြောကြားချက်အရ လေယာဉ်မထွက်ခွာနိုင်လို့ စောင့်ဆိုင်းနေရချိန်မှာ လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေကို အစားအစာနဲ့ ရေ ဝေငှပေးတာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

လကြောင်းလိုင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ အဲဒီလေကြောင်းခရီးစဉ်ဟာ ဇန်နဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲမှာ ထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က နယူးဒေလီမြို့မှာ ရာသီဥတု ဆိုးရွားပြီး မြူတွေ ထူထပ်နေလို့ နယူးဒေလီလေဆိပ်ကနေ ထွက်ခွာမယ့် လေကြောင်းခရီးစဉ် တော်တော်များများကို ဖျက်သိမ်းတာ၊ ဆိုင်းငံ့တာမျိုး လုပ်ခဲ့ရပါတယ်။

Ref: Passenger in India slaps pilot following 10-hour flight delay

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top