နယူးယော့ခ်မြို့မြေအောက်ရထားစနစ်ရဲ့ မြေပုံကို ဒီဇိုင်းသစ် ဆွဲပေးခဲ့သူ ကွယ်လွန်

yyl-006-11.jpg

နယူးယော့ခ်မြို့ မြေအောက်ရထားစနစ်ရဲ့ မြေပုံကို ဒီဇိုင်းသစ်ဆွဲပေးခဲ့သူ မိုက်ကယ်ဟက်ဇ်ဟာ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ နယူးယော့ခ်မြို့ မြေအောက်ရထားစနစ် မြေပုံဟောင်းကို ဒီဇိုင်းပြန်ဆွဲဖို့ နယူးယော့ခ်မြို့ ပို့ဆောင်ရေးအရာရှိတွေက မိုက်ကယ်ဟက်ဇ်နဲ့ ရောင်းရင်းများလုပ်ငန်းစုကို အလုပ်အပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နယူးယော့ခ်မြို့မှာ ဒုစရိုက်မှုတွေ မြင့်တက်နေပြီး မြေအောက်ရထား စီးနင်းသူအရေအတွက်ကလည်း ၁၉၁၀ ပြည့်နှစ်နှောင်းပိုင်း အနည်းဆုံးဖြစ်နေပါတယ်။ ရှုခင်းကြည့်ဖို့ ရထားစီးတဲ့ ကမ္ဘာလှည့်ခရီးသည်က တော်တော်နည်းပါတယ်။ အဲဒီလိုအနေအထားမှာ မိုက်ကယ်ဟက်ဇ်ရဲ့အဖွဲ့က မြေအောက်ရထားစနစ်မြေပုံထဲမှာ လမ်းတွေထပ်တိုးတယ်၊ ပန်းခြံတွေနဲ့ ရပ်ကွက်တွေကို ပုံစံပြောင်းပြီး
မြွေလိမ်မြွေကောက်ဖြစ်နေတဲ့ ရထားလမ်းမှာ အချိုးအကွေ့တွေ ထပ်ထည့်ပြီး ပုံစံပြောင်းပစ်ခဲ့ပါတယ်။

ရထားစီးသူတွေ မကြိုက်တဲ့ လမ်းဖြောင့်တချို့ကို ဖယ်ရှားဖို့အတွက် မိုက်ကယ်ဟက်ဇ်က ဂျပန်ဒီဇိုင်နာတစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ ဂျပန်ဒီဇိုင်နာက ရထားလမ်းမှာ အချိုးအကွေ့တွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုကို သိရှိနိုင်ဖို့အတွက် မြေအောက်ရထားစီးတိုင်း မျက်စိမှိတ် စီးသူပါ။ ၁၉၇၉ ခုနှစ်မှာ မိုက်ကယ်ဟက်ဇ်က နယူးယော့ခ်မြို့ မြေအောက်ရထားစနစ် မြေပုံ ဒီဇိုင်းသစ်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မိုက်ကယ်ဟက်ဇ်ရဲ့လုပ်ငန်းစုက မြေပုံဒီဇိုင်းကို အကြိမ်ကြိမ် ပြောင်းခဲ့ပေမဲ့ အခြေခံဒီဇိုင်းကတော့ မပြောင်းလဲခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top