မင်္ဂလာပွဲပါတီအတွက် သုံးမယ့်ငွေတွေနဲ့ အာဖရိကမှာ ကျောင်းဆောက်လုပ်ပေးခဲ့တဲ့ စုံတွဲ

22.6.2023-yyl-4.jpg

လူးကပ်စ် ရို့စ်ဆီနဲ့ တာအီနာ ပတ်စ်ဆိုယာတို့စုံတွဲက သူတို့ရဲ့မင်္ဂလာပွဲပါတီအတွက် သပ်သပ်ဘေးဖယ်ထားတဲ့ငွေတွေကို အာဖရိကမှာ ကျောင်းတစ်ကျောင်းဆောက်လုပ်ဖို့ သုံးပစ်ခဲ့တာပါ။ သူတို့က အစားအသောက်၊ ဖျော်ဖြေရေးနဲ့ မင်္ဂလာခန်းမအတွက် အသုံးစရိတ်တွေကို စဉ်းစားလိုက်တဲ့အခါ ဒီငွေတွေကို လူအများကြီးအကျိုးရှိစေမယ့်အရာအတွက် သုံးတာပိုကောင်းမယ်လို့ နားလည်သဘောပေါက်ခဲ့ကြတယ်။

အဲဒီအချိန်မှာ သူတို့ဟာ မင်္ဂလာပွဲပါတီအခမ်းအနားကို ဖျက်သိမ်းဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက် ချခဲ့ပြီး သူတို့ သုံးဖို့ လုပ်ထားခဲ့တဲ့ ငွေတွေအားလုံးကို လှူဒါန်းခဲ့ပါတယ်။ အာဖရိက ကလူထုအကျိုးပြုမစ်ရှင်အမျိုးမျိုးမှာ ပါဝင်ခဲ့ဖူးတဲ့ တာအီနာ ပတ်စ်ဆိုယာက အာဖရိကတိုက်ရှိ လူ့အဖွဲ့အစည်းများစွာမှာ ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကောင်းစွာသိရှိထားခဲ့တာပါ။

အခုဆို မာတူဘာဒေသရှိ Mozambican ရွာလေးမှာ စာသင်ကျောင်းက စတင်အသုံးပြုလို့ရပြီဖြစ်ပေမဲ့၊ တာအီနာနဲ့ လူးကပ်စ်တို့ဆီက ကနဦးလှူဒါန်းမှုက ရေရှည်အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ဒီအတွက် လူမှုကွန်ယက်တွေကတဆင့် ရန်ပုံငွေတွေကို တက်ကြွစွာ စုဆောင်းနေပါတယ်။ ရွာလေးက မြို့နဲ့ဝေးပြီး သီးခြားတည်ရှိနေတဲ့အတွက် လျှပ်စစ်မီးမရှိ၊ မြေဆီလွှာမကောင်း၊ ပျမ်းမျှအပူချိန်ကလည်း ၃၉ ဒီဂရီရှိတယ်ဆိုတဲ့ အခြားအခက်အခဲတချို့ကိုလည်း တာအီနာက ထုတ်ပြောထားပါတယ်။

Ref: Newlyweds Use Wedding Funds to Build a School in Africa

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top