Apple က iPhone နဲ့ iPad တွေအတွက် iOS 11.3.1 update အသစ်ထုတ်လိုက်ပါပြီ။ Update အသစ်မှာ iDevices အားလုံးရဲ့ လုံခြုံရေးပိုင်း အဆင့်မြှင့်ထားပြီး၊ မှန်လဲပြီးရင် အလုပ်မလုပ်တော့တဲ့ iPhone 8 တုန်းက ပြဿနာကိုလည်း ဖြေရှင်းထားပါတယ်။
ဘယ်လို Update လုပ်မလဲ?
Update မလုပ်ခင် iTune ဒါမှမဟုတ် iCloud ကို အသုံးပြုပြီး Backup လုပ်ဖို့ အကြံပေးချင်ပါတယ်။
၁။ iPhone/iPad ရဲ့ Settings ကို ဖွင့်ပါ။
၂။ General ကနေ တစ်ဆင့် Software Update ကို ရွေးလိုက်ပါ။
၃။ iOS11.3.1 ကို မြင်ရပါလိမ့်မယ်။ Download and Install ကို နှိပ်ပါ။
Ref: osxdaily
WC (ရိုးရာလေး)