ASUS ရဲ့ ROG Gaming Laptop မော်ဒယ်လ်အသစ်တွေကို မြန်မာနိုင်ငံမှာစတင်မိတ်ဆက်

66249264_2443455385941328_3855313999537111040_n.jpg

နာမည်ကျော်ကွန်ပျူတာအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ASUS Myanmar က ROG Launching Event ကို Melia Hotel မှာ ၂၀၁၉ ဇူလိုင်လ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဒီမိတ်ဆက်ပွဲမှာ ASUS ရဲ့ နောက်ဆုံးထုတ် ROG Gaming Laptop သစ်တွေဖြစ်တဲ့ TUF၊ Strix နဲ့ Zephyrus series Laptop တွေကို တရားဝင်ကြေညာမိတ်ဆက်ပေးခဲ့ပါတယ်။

TUF Series

TUF Series Laptop တွေကို Engineering software တွေ Video Editing နဲ့ Photo Retouch တွေလုပ်ဖို့နဲ့ ဂိမ်းကစားဖို့အတွက် ဈေးနှုန်းသင့်တင့်တဲ့ affordable Gaming laptop တစ်လုံးရှာဖွေနေသူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ဈေးနှုန်း $ 829 နဲ့ $ 1600 အကြား မော်ဒယ် (၆) မျိုး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

ROG Strix Series

ROG Strix Series တွေကို ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရှိ Laptop တစ်လုံးကို သင့်တော်တဲ့ဈေးနှုန်းနဲ့ ဝယ်လိုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ ROG Strix G G731 ကို ဈေးနှုန်း $1599 နဲ့ $2399 တို့ကြား မော်ဒယ် (၃) မျိုးဝယ်ယူရရှိနိုင်ပြီး ROG Strix G G531 ကိုတော့ ဈေးနှုန်း $989 နဲ့ $1389 အကြား မော်ဒယ် (၄) မျိုး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

ROG Zephyrus Series

ROG Zephyrus Series ကတော့ Gaming Laptop တစ်လုံးကို အပြင်သွားတိုင်းသယ်သွားဖို့လိုသူတွေအတွက် ပါးလွှာတဲ့ကိုယ်ထည်၊ ပေါ့ပါးတဲ့အလေးချိန်၊ ကောင်းမွန်မြင့်မားတဲ့စွမ်းဆောင်ရည်၊ အသိဉာဏ်မြင့်အအေးပေးစနစ်တွေနဲ့ ဖန်တီးထုတ်လုပ်ပေးထားတာပါ။ ROG Zephyrus GA502 ကို ဈေးနှုန်း $1299၊ ROG Zephyrus GU502 ကိုတော့ $1799 နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အခု Laptop မော်ဒယ်လ်အသစ်တွေအကြောင်းအသေးစိတ်ကို ထပ်မံဝေမျှပေးသွားမှာဖြစ်ပြီး မကြာမီကာလအတွင်းမှာ ဝယ်ယူရရှိနိုင်မယ်လို့လည်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top