ဝါညစ်နေတဲ့သွားကို သဘာဝအတိုင်းဖြူဝင်းသွားချင်ပါသလား

yyl-024.jpg

သွားဖြူဖြူလေးကို ပိုင်ဆိုင်ချင်ကြတယ်မလား။ သွားဝါပြီး မဲညစ်နေလို့ စိတ်ညစ်နေကြတဲ့သူတွေလည်းရှိကြမယ်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ သွားဖြူဝင်းလာဖို့ လုပ်ဆောင်နေတဲ့ လူတွေများစွာရှိကြပါတယ်။ ဈေးကြီးပေးပြီး သွားဖြူအောင်လုပ်ကြတယ်သူတွေက များပါတယ်။ ပိုက်ဆံအရမ်းကြီးမကုန်ဘဲ သွားဖြူလာစေမယ့် သဘာဝနည်းလမ်းတွေရှိပါတယ်။ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ သွားကိုဖြူဝင်းလာအောင်လုပ်နိုင်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြုံးရယ်ပြနိုင်မှာပါနော်..။ ဘယ်လိုနည်းတွေလည်းဆိုတာ ကြည့်လိုက်ကြရအောင်..။

ချင်း (ဂျင်း) နဲ့ ဆား

သွားဖြူဝင်းလာဖို့ဆိုရင် ချင်း (ဂျင်း)၊ ဆား နဲ့ သံပုရာသီးတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာက ချင်းစိပ်သေးသေးလေးကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်ပေးရမှာပါ။ ဆား လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံကို ကြိတ်ထားတဲ့ချင်းထဲကို ထည့်လိုက်ပါ။ အဲဒီနောက် သံပုရာသီးကို စိပ်ပြီး အရောအနှောထဲကို ညှစ်ထည့်ပြီးနောက် သမအောင်မွှေလိုက်ပါ။ အဲဒီအရောအနှောကို သွားတိုက်ဆေးအနေနဲ့ အသုံးပြုလိုက်ရုံပါပဲ။

ကာအိုလင် (မြေစေး)

သွားဖြူဖို့အတွက် လိုအပ်တဲ့အရာက ကာအိုလင် (မြေစေး) ပါပဲ။ သင့်သွားပေါ်ကို မြေစေးထည့်ပြီး သွားတိုက်တံနဲ့ ပွတ်တိုက်လိုက်ပါ။ သွားတိုက်တဲ့အခါမှာ အရမ်းဖိပြီးမတိုက်ပါနဲ့။ ဖြည်းဖြည်းသာသာလေးတိုက်ပေးပါ။ အဲဒီနောက်မှာ ရေသန့်နဲ့ သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

ဆားခါး (Epsom Salt)

ဆားခါးကို ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။ ဆားခါးနဲ့ ရေတို့ကို ပမာဏအတူတူပဲ ရောစပ်လိုက်ပြီး ဆားပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ ဒီအရောအနှောကို သွားမှာ ပွတ်လိုက်ပြီး သွားတိုက်တံနဲ့ တိုက်ပေးလိုက်ပါ။ အဲဒီအရောအေနှာနဲ့ ပလုတ်ကျင်းလို့လည်းရပါတယ်။ ပြီးရင် ရေသန့်နဲ့ ပါးစပ်ကို သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

တမာရွက်

သွားဖြူဝင်းသွားစေဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ တမာရွက်နဲ့ ရေတို့ပါပဲ။ တမာရွက်ကို အိုးထဲထည့်ပြီး ပြုတ်ပေးပါ။ ပြုတ်ပြီးသွားရင် ရေစစ်နဲ့စစ်ပေးပါ။ ဒါမှ အရည်က သန့်စင်မှာဖြစ်ပါတယ်။ ပြီးရင် တမာပြုတ်ရည်ကို အေးသွားအောင်ထားပြီး ပလုတ်ကျင်းပေးရမှာဖြစ်ပါတယ်။

ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ

လိုအပ်တဲ့ပစ္စည်းတွေက မုန့်ဖုတ်ဆိုဒါနဲ့ ပန်းသီးအရက်ရှာလကာရည်တို့ပါ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ကို ရောစပ်လိုက်ပါ။ အဲဒီနှစ်မျိုး သမသွားအောင် မွှေပေးရမှာပါ။ ရောမွှေပြီးသွားရင် သွားတိုက်ဆေးလိုမျိုး အသုံးပြုပြီး သွားတိုက်ပေးရမှာဖြစ်ပါတယ်။ သွားတိုက်ပြီးသွားရင် ရေများများနဲ့ ပါးစပ်ကို သန့်စင်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းလမ်းတွေကို သေသေချာချာလေးအသုံးပြုသင့်ပါတယ်။ တစ်ပတ် (၂-၃) ကြိမ်လောက် ဒီနည်းကို အသုံးပြုပေးပါ။ ရက်သတ္တပတ်များစွာလုပ်ပြီးသွားရင် ဆက်ပြီး အသုံးမပြုပါနဲ့။ သင့်သွားက နာကျင်မှုတွေ ခံစားလာရပြီးဆိုရင် ဒီနည်းတွေကို ချက်ချင်းပဲ ရပ်ပစ်သင့်ပါတယ်နော်..။

Ref: Natural Ways to Make Your Teeth Whiter at Home
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top