Global Warming (ကမ္ဘာကြီး ပူနွေးလာမှု)

42213539_1383247521806990_5613419696347938816_o.jpg

လေ့လာမှုတွေအရ ၂၀၁၉ ကနေ ၂၀၂၂ ဟာ ပုံမှန်ထက်လွန်ကဲတဲ့ အပူချိန်တွေကို ဖြတ်သန်းရမယ့်နှစ်တွေဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီလေ့လာမှုက ပျမ်းမျှအပူချိန် ခန့်မှန်းခြင်းအတွက်

နည်းလမ်းအသစ်ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းအရတော့ သူတို့ဟာ (Traditional Simulation Techniques) (ဒေသအလိုက် ရာသီဥတု တူညီမှုတွေကို ခန့်မှန်းတဲ့ နည်းပညာ) ကို အသုံးပြုခြင်း မရှိဘဲ Statistical Method (စာရင်းအင်းဆိုင်ရာ နည်းလမ်း) ကို သုံးပြီး ၂၀ ရာစု အစကနေ ယခုချိန်အထိ ရှိနေတဲ့ စာရင်းအင်းတွေကို ပြန်လည် လေ့လာတာပဲဖြစ်ပါတယ်။ ပြီးတော့ ခပ်ဆင်ဆင်တူနေတဲ့ အခြေအနေတွေကို ဖယ်ထုတ်လိုက်တာကြောင့် အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတာတွေ လျော့ကျသွားပါတယ်။

 

ဒီစနစ်ရဲ့ တိကျမှုနဲ့ ယုံကြည်ရမှုဟာ ၂၁ ရာစုအစကနေ အခုချိန်ထိ နည်းလမ်းဟောင်းရဲ့ တူညီတဲ့ ရာသီဥတုပြောင်းလဲမှုခြင်း လစ်ဟာမှုတွေကိုတော့ အနည်းဆုံး သက်သေပြနိုင်မှာပါ။ ဒီလေ့လာမှုအသစ်တွေက ကမ္ဘာကြီး ပူနွေးလာမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ အအေးဓာတ်နည်းပါးလာမှုတွေ (ရေခဲတွေ အရည်ပျော်နေတာ) ကလည်း ၂၀၁၉ ကနေ ၂၀၂၂ မှာ သာမာန်အပူချိန်ထက် သိသိသာသာ လွန်ကဲစေလိမ့်မယ် လို့ဆိုပါတယ်။ ဒီဖြစ်ရပ်တွေက ပင်လယ်ရေမျက်နှာပြင် ပူနွေးမှုကြောင့် အပူပိုင်းမုန်တိုင်းတွေဖြစ်ပွားခြင်းလောက်တော့ သိသိသာသာ မဖြစ်စေပါဘူး။ လေ့လာမှုတွေကို ကွန်ပြူတာနဲ့ မိနစ်ပိုင်းအတွင်း လေ့လာကြည့်ရှူနိုင်ပြီး ခန့်မှန်းချက်တွေကိုလည်း မိနစ်ပိုင်းအတွင်း သိနိုင်ပါတယ်။

နည်းလမ်းဟောင်းတွေနဲ့ (Traditional Simulation Techniques) ကိုသုံးမယ်ဆိုရင်တော့ တစ်ပတ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ဒီနည်းလမ်းအသစ်ဟာ အကုန်လုံးကို ခြုံငုံသုံးသပ်နိုင်တဲ့ အဆင့်ပဲရှိနေသေးပြီး သိပ္ပံပညာရှင်တွေတွေကတော့ ဒေသအလိုက် ခွဲခြား ခန့်မှန်းထားတဲ့ အပူချိန်၊ မိုးရေချိန်၊ မိုးခေါင်မှု တွေကို သိလိုကြပါတယ်။ ပြီးခဲ့တဲ့ လေ့လာမှုတွေအရ ၂၀၁၇ ဟာ အပူနွေးဆုံး နှစ် ၃ ခုထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပြီး (EL Nino အယ်လ်နီညို ကြောင့်တော့ မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ အယ်လ်နီညို ဖြစ်ရပ်ဟာ ၂၀၁၄ ကနေ ၂၀၁၆ အထိ ပြင်းထန်ခဲ့ပါတယ်) ပြီးခဲ့တဲ့ ရာစုနှစ်ရဲ့ လေးပုံတစ်ပုံ အတွင်းမှာ (၁၉၇၅ ကနေ ၂၀၀၀ ခုနှစ် ကြား) လေထုထဲ ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုနှုန်းဟာ 360 PPM ကနေ 400 PPM ကျော်အထိ တက်လာခဲ့ပါတယ်။ (PPM ဆိုတာက parts per million ဖြစ်ပြီး ရာခိုင်နှုန်း အရဆိုရင် 0.036% ကနေ. 0.04% ဖြစ်လာခဲ့တာပါ။အခုလောလောဆယ် ၂၀၁၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ 405.85 ppm ရှိနေပါတယ်။ ၂၀၁၇ စက်တင်ဘာ ၁၈ မှာ 403.55 ppm သာရှိနေခဲ့တာပါ) ဒီရာခိုင်နှုန်းတွေအရ ကျွန်တော်တို့ ဂြိုဟ်ဟာ ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေနဲ့ အနာဂတ်မှာ ပိုမို ပူနွေးလာဦးမှာပဲဖြစ်ပါတယ်။

Refrence: NewsRepublic

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top