ကင်ဆာကုထုံး ပြီးမြောက်ပြီး မွေးနေ့အထိမ်းအမှတ် ထီထိုးခဲ့တဲ့ အမျိုးသမီးကြီး ဒေါ်လာ ၅ သန်းဆု ဆွတ်ခူး

30.6.2024-yyl-6.jpg

ကင်ဆာရောဂါ ကုသမှု ပြီးဆုံးခဲ့ပြီး သူ့မွေးနေ့အထိမ်းအမှတ် ထီထိုးခဲ့တဲ့ အမျိုးသမီးဟာ ဒေါ်လာ ၅ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသမီး ဒွန်နာအော့စ်ဘွန်းဟာ Speedway စတိုးဆိုင်ကနေ Monopoly Own It All ခဲခြစ် ထီလက်မှတ် ဝယ်ယူကံစမ်းခဲ့တာပါ။

ဒွန်နာအော့စ်ဘွန်းဟာ ရင်သားကင်ဆာရောဂါ ခံစားနေရလို့ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှု ခံယူနေသူပါ။ ”သမီးနဲ့ လေဆိပ်ကို သွားတာလေ။ ဖလော်ရီဒါမှာ နေတဲ့ မိသားစုတွေဆီ အလည်သွားမလို့ပေါ့။ ဒါပေမဲ့ လေယာဉ်က အကြိမ်ကြိမ် အချိန်ရွှေ့နေတာနဲ့ စိတ်မရှည်တော့လို့ အိမ်ပြန်လာခဲ့တာပါ။ တကယ်လို့ အိမ်သာ ပြန်မလာခဲ့ရင် ထီထိုးဖြစ်မှာ မဟုတ်ပါဘူး” လို့ အော့စ်ဘွန်းက ဆိုပါတယ်။

အော့စ်ဘွန်းက ကားပါကင်မှာ ထီလက်မှတ်ကို ခဲခြစ်ကြည့်တဲ့အခါ ဒေါ်လာ ၅ သန်း ပေါက်နေတာ တွေ့ရလို့ အံ့အားသင့်သွားခဲ့ပါတယ်။ သူ့မျက်စိသူ မယုံနိုင်အောင် ဖြစ်သွားလို့ စတိုးဆိုင်ကို ပြန်သွားပြီး သူ့ထီလက်မှတ်ကို စစ်ကြည့်ပေးဖို့ ဆိုင်ဝန်ထမ်းတွေကို အကူအညီတောင်းခဲ့ရပါတယ်။

ဒေါ်လာ ၅ သန်းဆု ပေါက်မှန်း သိလိုက်ရချိန်မှာတော့ အော့စ်ဘွန်းက သူ့သမီးဆီ ဖုန်းဆက်ပြီး ဒီသတင်းကို ဝမ်းသာအားရ ပြောပြခဲ့ပါတယ်။ ထီဆုကြေးငွေကို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အစီအစဉ်ရှိပြီး အလုပ်ဆက်လုပ်သွားမယ်လို့ သူက ဆိုပါတယ်။

Ref:Pennsylvania woman wins $5M from birthday lottery ticket
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top