အွန်လိုင်းမှာ ချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးကို ဒေါ်လာ ၈၀၀၀၀ လိမ်လည်ခဲ့သူ အဖမ်းခံရ

P-GWINNETT-ROMANCE-FRAUD-6P_00.01.36.20_1558478109395.png_7299415_ver1.0_640_360.jpg

ဂျွန် မာတင် ဟေးလ် (John Martin Hill) ဟာ အမေရိကန် နိုင်ငံ၊ ဂျော်ဂျီယား ပြည်နယ်က အမျိုးသမီးတစ်ဦးနဲ့ အွန်လိုင်းမှာ တွေ့ခဲ့ပြီး တစ်ပတ်အကြာမှာ စေ့စပ်ခဲ့ပြီးတဲ့နောက် ဒေါ်လာ (၈၀၀၀၀) ကို လိမ်လည်သွားခဲ့တာပါ။ အသက် (၃၅) နှစ်အရွယ် မာတင် ဟေးလ်ဟာ ဒီအပတ် အင်္ဂါနေ့က အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်မှာ ကြီးလေးတဲ့ လိမ်လည်မှုနဲ့ ဖမ်းခံခဲ့ရပါတယ်။ သူက အမျိုးသမီးတွေ အများကြီးကို ငွေပတ်လိမ်နေတဲ့သူ ဖြစ်ပါတယ်။

ရဲတွေရဲ့ပြောစကားအရ မာတင် ဟေးလ် နဲ့ ဂျော်ဂျီယား ပြည်နယ်က အမျိုးသမီးတို့က မတ်လ (၁၇) ရက်နေ့က “လိုက်ဖက် – Match” ဝက်ဆိုက်မှာ တွေ့ခဲ့ကြပြီး တစ်ပတ်အတွင်းမှာ စေ့စပ်ခဲ့ကြပါတယ်။ မာတင် ဟေးလ်က အမျိုးသမီးကို သူ့ကိုယ်သူ သန်းကြွယ်သူဌေး ဖြစ်ကြောင်း၊ အတူနေဖို့ အိမ်တစ်လုံးဝယ်ချင်ကြောင်း ပြောခဲ့ပါတယ်။ အမျိုးသမီးကလည်း အဟုတ်ထင်ပြီး အိမ်အတူဝယ်ဖို့ ဒေါ်လာ (၈၀၀၀၀) ပေးခဲ့တဲ့နောက် အဆက်သွယ်ဖြတ်ခံခဲ့ရပါတယ်။

အမှန်က မာတင် ဟေးလ်က ဂျော်ဂျီယား ပြည်နယ်မှာပဲ တစ်ခြားအမျိုးသမီးတစ်ဦး၊ ကလေးတစ်ယောက် နဲ့ နေထိုင်နေပြီး မကြာသေးခင်က လိမ်လည်ခဲ့တဲ့ ငွေနဲ့ BMW ၂၀၁၄ ကားတစ်စီး ဝယ်ခဲ့ပါတယ်။ ရဲတွေက မာတင် ဟေးလ်ကို ဖမ်းဆီးခဲ့တယ်လို့ ဗုဒ္စဟူးနေ့က ထုတ်ပြန်လိုက်တဲ့အခါမှာ အမျိုးသမီးများစွာက မာတင် နဲ့ ချစ်ကြိုက်ခဲ့ဖူးကြောင်း၊ သူ့ကိုသိကြောင်း၊ သူတို့တွေလည်း အလိမ်ခံရကြောင်း စသဖြင့် ဆက်သွယ်ခဲ့ကြပါတယ်။

မာတင် ဟေးလ်က (၂) နှစ်ခွဲမှာ (၅) ကြိမ်လောက် ဖမ်းခံခဲ့ရပြီး ဗာဂျီနီယားပြည်နယ်၊ မေရီလန် ပြည်နယ်၊ နယူးဂျာစီ ပြည်နယ် နဲ့ Delaware ပြည်နယ် တို့မှာလည်း လိမ်လည်မှုအတွက် အလိုရှိနေတဲ့ တရားခံဖြစ်နေတာပါ။ ရဲတွေက “လူလိမ်အမျိုးသားတွေက သူတို့ရဲ့ သားကောင်ကို ခြယ်လှယ်တဲ့အခါမှာ သိပ်ပြီးတော်ကြပါတယ်။ သူတို့က အမျိုးသမီးတွေ ကြားချင်တဲ့အရာအားလုံးကို ပြောကြတာပါ” လို့ သတိပေးစာမှာ ထုတ်ပြန်ထားပါတယ်။

Ref: NBC News “Serial swindler arrested after stealing $80,000 from woman he just met, police say”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top