မိမိချစ်မြတ်နိုးသူတွေကို COVID 19 ကူးစက်မခံရအောင် နည်းလမ်းရှာကြသူများ

24-3-2020-yyl-024.jpg

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း COVID 19 ကူးစက်ခံရသူ (၂) ဦး တွေ့ရှိသွားခဲ့ပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာ COVID 19 ကူးစက်ခံရသူ (၃၇၉၁၀၈) ဦးရှိနေပါပြီ။ ဒီကပ်ရောဂါကြောင့် သေဆုံးသူဦးရေများသလို ပြန်လည်ကောင်းမွန်လာသူ တွေလည်းရှိပါတယ်။ တစ်ပတ်အတွင်း ကူးစက်ခံရသူဦးရေနဲ့ သေဆုံးသူဦးရေက မြင့်တတ်နေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးသွားအောင် ကာကွယ်ဖို့ ကြိုးပမ်းနေကြရပါတယ်။ အစိုးရကလည်း အိမ်မှာ နေဖို့နဲ့ လူစုလူဝေးသွားတာ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေမလုပ်ဖို့ လှုပ်ဆော်ထားပါတယ်။ တချို့နိုင်ငံတွေဆို ဝင်ထွက်သွားလာမှုတွေကို ပိတ်ဆို့တားမြစ်ထားပါတယ်။

အခြားသူတွေဆီကနေ ဗိုင်းရပ်စ်ကူးစက်မခံရအောင်၊ အခြားသူတွေကိုလည်း ဗိုင်းရပ်စ်မကူးအောင် အကောာင်းဆုံးနည်းကတော့ တက်နိုင်သလောက် အပြင်မထွက်ဘဲ အိမ်မှာ နေတာပါပဲ။ တချို့နိုင်ငံတွေမှာ အပြင်ထွက်ခွင့် ပိတ်ထားတာကြောင့် မိသားစုတွေနဲ့ မိမိချစ်မြတ်နိုးသူတွေကို လွမ်းဆွတ်မိကြပါတယ်။ တွေ့ချင်ကြပေမဲ့ သူတို့ကို ရောဂါကူးစက်ခံရမှာဆိုးတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာကြရပါတယ်။ ဒီအတွက် ဖြေရှင်းနည်းက အရမ်းရိုးရှင်းတဲ့ပုံပါပဲ။ အဲဒါက ပြတင်းပေါက်ရဲ့မှန်ကနေ တဆင့် တွေ့တာပါပဲ။ ကမ္ဘာတစ်ဝှမ်းက လူတွေဟာ ပြတင်းပေါက်ရဲ့မှန်ကနေတဆင့် သူတို့ရဲ့ချစ်မြတ်နိုးသူတွေကို ဘယ်လို တွေ့ကြလဲဆိုတဲ့ ပုံတွေကို မျှဝေနေကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ချစ်မြတ်နိုးသူတွေကို COVID 19 အန္တရာယ်ကနေ ကင်းဝေးဖို့ ဘယ်လို လုပ်လဲဆိုတာ ကြည့်လိုက်ကြရအောင်..။

လူတွေရဲ့အဝေးမှာ နေရတာကြောင့် မြေးလေးကို ပြတင်းပေါက်ကနေတဆင့် ကြည့်ရတဲ့ အဘိုး

ကိုရိုနာဗိုင်းရပ်စ် ဆက်လက်မပျံ့ပွားအောင် ခုခံပေးနေတဲ့ စုံတွဲ ( အလုပ်ရှုပ်နေတဲ့ကြားက ခဏတာတွေ့ဆုံရတဲ့အခိုက်အတန့်)

မြေးလေးကို ပထမဆုံးကြိမ်တွေ့ဖြစ်ကြတဲ့ အဘိုးနဲ့အဘွား

ဘိုးဘွားရိပ်သာမှာ ရှိနေတဲ့ ဇနီးကို နေ့တိုင်းအလည်လာပြီး ပြတင်းပေါက်ကနေ တဆင့် သီချင်းအတူတူဆိုပေးတဲ့ အဘိုး

စေ့စပ်လိုက်ပြီဖြစ်ကြောင်းကို ပြတင်းပေါက်ကနေ အဘိုးကို ပြောပြနေတဲ့ မြေးမလေး

ပြတင်းပေါက်ကနေ မိခင်ကို အံ့အားသင့်အောင် လုပ်လိုက်တဲ့ သမီးတွေ

တစ်ယောက်တည်းအထီးမကျန်အောင် ဖခင်ကို နေ့တိုင်းလာတွေ့ပြီး ဖုန်းပြောပေးတဲ့ သား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့မိခင်ကို တွေ့ခွင့်တားမြစ်ထားတာကြောင့် ပြတင်းပေါက်ကနေ စာရေးပြတဲ့ သမီး

လူတွေကို အခြားသူတွေရဲ့ အနည်းဆုံး (၁) မီတာအကွာမှာ နေသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။ လူစုလူဝေးရဲ့အဝေးမှာ နေတာက ဗိုင်းရပ်စ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့နည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ကို မကြာခဏဆေးဖို့၊ မျက်နှာကို လက်နဲ့ မထိတွေ့ဖို့၊ အသက်ရှုလမ်းကြောင်းဆိုင်ရာသန့်ရှင်းမှုကို အလေ့အကျင့်လုပ်ဖို့ WHO က အကြံပြုထားပါတယ်။

Ref: People Found Ways Of Seeing Their Loved Ones Without Putting Them In Danger Danger

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top