တောင်အာဖရိကမှ သားအဖနှစ်ဦး ပူးပေါင်းဖန်တီးတဲ့ ဒရုန်းက ကမ္ဘာ့အမြန်ဆုံးစံချိန်တင်

14.6.2024-yyl-3.png

တောင်အာဖရိကနိုင်ငံမှ သားအဖနှစ်ဦး ပူးပေါင်းဖန်တီးခဲ့တဲ့ Peregreen-2 မောင်းသူမဲ့ယာဉ်ဟာ ကမ္ဘာ့အမြန်ဆုံး ဒရုန်းအဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ ဝေဟင်ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာ လုခ်ဘဲလ်တို့သားအဖဟာ စက်မှုအင်ဂျင်နီယာ လိတ်ဒ်မန်း ဖန်တီးခဲ့တဲ့ RC quadcopter ဒရုန်းရဲ့ (၂၂၄ မိုင်) စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်မယ့် Peregreen-2 ဒရုန်းကို ဖန်တီးခဲ့ကြတာပါ။

3D ပရင့်တာအသုံးပြုပြီး ကာဗွန်ဖိုက်ဘာကိုယ်ထည်နဲ့ ဖန်တီးထားတဲ့ အဲဒီဒရုန်းဟာ တစ်နာရီ ၃၁၇ မိုင်နှုန်းအထိ မောင်းနှင်နိုင်စွမ်းရှိပြီး ပျမ်းမျှအားဖြင့် တစ်နာရီ ၂၉၈.၄၇ မိုင် မောင်းနှင်နိုင်ပါတယ်။ သူတို့သားအဖရဲ့ ဒရုန်းတည်ဆောက်ရေးစီမံကိန်းကို လေကြောင်းဆိုင်ရာ အင်ဂျင်နီယာ ခရစ္စရိုဆာက ကူညီပံ့ပိုးပေးခဲ့တာပါ။

Ref: Peregreen-2: South Africa

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top