ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရဖို့ လိမ်ညာခဲ့မိတဲ့ ကနေဒါကာစီနိုကုမ္ပဏီ အမှုဆောင်ချုပ် ရာထူးမှ နုတ်ထွက်

141690644_3852949574748266_369570331125705058_n.png

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရဖို့ အာဏာပိုင်တွေကို လိမ်ညာခဲ့တဲ့ ကနေဒါ ကာစီနိုကုမ္ပဏီ အမှုဆောင်ချုပ်ကတော့ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ရော့ဒ်ဘေကာ (Rod Baker) ဟာ အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါး တန်ကြေးရှိတဲ့ Great Canadian Gaming Corp ရဲ့ အမှုဆောင်ချုပ် ဖြစ်ပါတယ်။ ရော့ဒ်ဘေကာတို့ ဇနီးမောင်နှံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရဖို့ မိုတယ်ဝန်ထမ်းတွေလို အယောင်ဆောင်ပြီး ကနေဒါနိုင်ငံမြောက်ပိုင်း ယူကွန်ဒေသကို သွားခဲ့ကြတာပါ။

တိုင်းရင်းသားမျိုးနွယ် တော်တော်များများ နေထိုင်ကြတဲ့ ယူကွန်ဒေသဟာ ကနေဒါနိုင်ငံရဲ့ တခြားဒေသတွေနဲ့ယှဉ်ရင် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ် ပိုမိုမြန်ဆန်တယ်လို့ ဒေတာတွေမှာ ဖော်ပြထားပါတယ်။ သူတို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ် နယ်စပ်မှာရှိတဲ့ Beaver Creek အရပ်ကိုသွားပြီး ကာကွယ်ဆေး ထိုးနှံခဲ့ပြီးနောက် လေဆိပ်ကို ချက်ချင်းပို့ဆောင်ခိုင်းခဲ့ရာမှာ အလိမ်ပေါ်သွားခဲ့တာပါ။

” တကိုယ်ကောင်းဆန်လွန်းတဲ့ ဒီလုပ်ရပ်ကြောင့် ကျွန်တော် ခံပြင်းမိပါတယ်။ ဒီလောက်အထိ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး” လို့ ယူကွန်ဒေသရဲ့ ဒေသအကျိုးသယ်ပိုးရေး ဝန်ကြီးက ပြောပါတယ်။ ရော့ဒ်ဘေကာတို့ ဇနီးမောင်နှံဟာ ဗန်ကူးဗားမြို့ကနေ ယူကွန်ဒေသကို ရောက်လာချိန်မှာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်မှုခံယူခဲ့ခြင်းမရှိလို့ နောက်ပိုင်းမှာ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

Ref: BBC ” Covid vaccines: Casino boss resigns after jumping queue”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top