အမှိုက်တစ်ထုတ်ကို ဆန်တစ်ထုတ်နဲ့ လဲလှယ်ခွင့်ပေးထားတဲ့ ဖိလစ်ပိုင်မြို့

4.7.2024-yyl-11.jpg

ဖိလစ်ပိုင်နိုင်ငံမှာ ရေငုပ်သူတွေနဲ့ စည်ကားတဲ့မြို့လေးကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆန်းသစ်တဲ့နည်းလမ်းတစ်မျိုး ကြံဆခဲ့ကြပါတယ်။ ဘာတန်ဂါပြည်နယ်မှာရှိတဲ့ မာဘီနီမြို့ဟာ အရောင်အသွေး စုံလင်တဲ့ သန္တာကျောက်တန်းတွေ၊ အမျိုးအစား စုံလင်တဲ့ ရေနေသတ္တဝါတွေကြောင့် လူသိများ ကျော်ကြားပါတယ်။

လာရောက်လည်ပတ်သူ များပြားတာနဲ့အမျှ ပလတ်စတစ်အမှိုက်တွေလည်း များလာပြီး ပင်လယ်လိပ်လို ရေနေမျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အဲဒီအတွက် လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ကမ်းခြေကနေ ကောက်လာတဲ့ အမှိုက်တစ်ထုပ် လာပေးရင် ဆန်တစ်ထုပ် ပြန်ပေးတဲ့ အစီအစဉ်ကို ဖော်ဆောင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး ကမ်းခြေကအနေ ပလတ်စတစ်အမှိုက် ၄.၃ ကုဗတန်ကို ကောက်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အန်ဒါယာက ဆိုပါတယ်။

အမှိုက်ကောက်ပြီး လာပေးသူတွေကိုတော့ ဆန် ၂.၆ တန် ပြန်ပေးခဲ့ပါတယ်။ အမှိုက်တစ်ထုပ် လာပေးရင် မိသားစုတစ်စုစာအတွက် ဆန် ၁ ကီလိုဂရမ် တစ်ထုပ် ပြန်ပေးတာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်အတွက် အလှူရှင်တွေ၊ ကုမ္ပဏီတွေက ပါဝင်ပံ့ပိုးခဲ့ကြတာဖြစ်ပြီး ချို့တဲ့နွမ်းပါးတဲ့ မိသားစုတွေအတွက်လည်း စားသောက်စရိတ် လျှော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ သမုဒ္ဒရာထဲကို ပလတ်စတစ်အမှိုက် အများဆုံးစီးဝင်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ တစ်ကမ္ဘာလုံးရဲ့ ၃၆ ရာခိုင်နှုန်းဟာ ဖိလစ်ပိုင်နိုင်ငံကနေ စီးဝင်တဲ့အမှိုက်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: Philippine diving town swaps trash for rice to clean up its beaches
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top