သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သားသမီးတွေအတွက် ချန်မထားဘဲ လှူဒါန်းမယ်ဆိုတဲ့ မီလျံနာ

31-1-2023yyl-10.jpg

နှိမ့်ချတတ်တဲ့မီလျံနာတစ်ဦးဟာ သူ့ပိုင်ဆိုင်မှုရဲ့ ၉၉ ရာခိုင်နှုန်းကို သူ့သားသမီးတွေအတွက် ချန်မထားဘဲ လှူဒါန်းမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါမှ သူ့ရဲ့သားသမီးတွေ အလုပ်လုပ်ချင်စိတ်ရှိမှာပါတဲ့။ သူကတော့ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းအတွင်း ကိုယ်ပိုင်ဘဏ်တစ်ခုကို တည်ထောင်ခဲ့တဲ့ ဒေးဗ် ဖစ်ချ်ဝစ်ခ်ဆိုသူပါပဲ။

သူ့ရဲ့ကုမ္ပဏီ Burnley Savings and Loans က ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ ​တိုးတတ်အောင်မြင်အောင် ကူညီပေးနေတဲ့ လူထုအကျိုးပြုဘဏ်ပါ။ တစ်ချိန်က မီနီဘတ်စ်ကားတွေကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ ဒေးဗ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သူ့ကလေးတွေအတွက် ချန်ထားမယ့်အစား လှူဒါန်းမယ်ဆိုတာကို အခုလိုကတိပေးပြောကြားခဲ့တာပါ။
“သူတို့ရဲ့ကလေးတွေကို ဖျက်စီးမိတဲ့ အောင်မြင်ပြီး ချမ်းသာတဲ့သူတွေ အများကြီးကိုတွေ့ဖူးတယ်။ ကလေးတွေဟာ ပိုက်ဆံက ဘာဆိုတာ နားမလည်ကြဘူး။ အဲဒါကြောင့် ကလေးတွေ အလုပ်ကြိုးစားလုပ်ကြဖို့ အရမ်းအရေးကြီးတယ်။ ကျွန်တော် သေဆုံးသွားတဲ့အခါ ကျွန်တော့်ကြွယ်ဝချမ်းသာမှုရဲ့ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားမှာပါ။ အဲဒါက ဘယ်အပတ်၊ ဘယ်နှနှစ်ဖြစ်ဖြစ်ပါ။ အချိန်အတော်ကြာမယ်လို့ မျှော်လင့်ရပါတယ်”

ဒေးဗ်က အလုပ် (၃) ခု လုပ်ခဲ့ဖူးတဲ့အတွက် အလုပ်ကျင့်ဝတ်ကောင်းကို မွေးမြူခဲ့တယ်။ ဒါက သူ့ကလေးတွေကို ပေးလိုတဲ့အရာပါပဲ။ “အလုပ်ကျင့်ဝတ်ရှိဖို့ အရေးကြီးတယ်။ အလုပ်ကြိုးစားတာက ကံကောင်းမှုတွေရှာတွေ့စေတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်ကလေးတွေက ဒါကို အမြဲသဘောမတူကြဘူး။ ဒါပေမဲ့ သူတို့က လိမ္မာတဲ့ကလေးတွေပါ”လို့ ဒေးဗ်က ဆိုပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ Netflix ဇာတ်ကားဖြစ်တဲ့ Bank of Dave ဟာ ဒေးဗ်ရဲ့တကယ့်ဘဝအတွေ့အကြုံတွေပေါ်အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒေးဗ်က သတင်းမီဒီယာတွေရဲ့အာရုံစိုက်မှုကို ရရှိထားတာပါ။ အဲဒီဇာတ်ကားမှာ ဒေးဗ်အဖြစ် မင်းသား ရိုရီ ကင်နီယားက ပါဝင်ထားပါတယ်။

Ref: Ladbible “Millionaire will give 99% of his fortune away when he dies to to keep his kids motivated to work”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top