ဗစ်ကီနဲ့ ကက်ထရီနာတို့ အနုပညာရှင်မိတ်ဆွေတွေဆီက ရရှိခဲ့တဲ့ တန်ဖိုးကြီးမင်္ဂလာလက်ဖွဲ့များ

20.12.2021yyl1.png

ဘောလိဝုဒ်စုံတွဲ ဗစ်ကီနဲ့ ကက်ထရီနာတို့ မင်္ဂလာပွဲ ကျင်းပပြီးတဲ့နောက် မကြာခင် မွမ်ဘိုင်းကို ပြန်လာခဲ့ပြီး အလုပ်တွေပြန်လုပ်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကြင်စဉီးဇနီးမောင်နှံက အနုပညာလောကကလုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ခံပွဲတစ်ခုပြုလုပ်ပေးမယ်လို့လည်း သိရပါတယ်။ လာမယ့်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်သေးပါဘူး။ မင်္ဂလာပွဲတုန်းကလည်း ဘောလိဝုဒ်အနုပညာရှင်တော်တော်များများက သူတို့စုံတွဲကို တန်ဖိုးကြီးမင်္ဂလာလက်ဖွဲ့တွေနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်။

အိန္ဒိယသတင်းဌာနမျိုးစုံရဲ့ထုတ်ပြန်ချက်အရ ဗစ်ကီနဲ့ ကက်ထရီနာတို့စုံတွဲဟာ အနုပညာလောကက သူငယ်ချင်း၊ မိတ်ဆွေတွေဆီကနေ တန်ဖိုးကြီး မင်္ဂလာလက်ဖွဲ့တစ်ချို့ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလက်ဆောင်တွေက စူပါစတားတွေဖြစ်တဲ့ ရှရွတ်ခန်း (Shah Rukh Khan)၊ ဆယ်လ်မန်ခန်း (Salman Khan)၊ အလီယာဘတ် (Alia Bhatt)၊ ရန်ဘီယာ ကာပူးရ် (Ranbir Kapoor)၊ အာနူရှကာ ရှာမာ (Anushka Sharma) နဲ့ ဟရိတစ်ရိုရှန်း (Hrithik Roshan) တို့ဆီကပါ။

ကက်ထရီနာရဲ့ရည်းစားလို့သတင်းထွက်ခဲ့ဖူးသူ ဆယ်လ်မန်က သူတို့စုံတွဲကို ရူပီးသန်း ၃၀ တန် Range Rover ကား လက်ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ်ဈေးကြီးတန်မင်္ဂလာလက်ဖွဲ့က ကက်ထရီနာရဲ့ရည်းစားဟောင်း ရန်ဘီယာ ကာပူးရ်ဆီကပါ။ ရူပီး၂၇ သန်းတန် စိန်လက်ဖွဲ့ကို ပေးပို့ခဲ့တယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။

အလီယာဘတ် (Alia Bhatt) ကလည်း ကက်ထရီနာနဲ့ ဗစ်ကီတို့အတွက် ရူပီးသန်းချီတန်တဲ့ရေမွှေးခြင်းတစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။ သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ မင်းသမီး အာနူရှကာ ရှာမာကတော့ ကက်ထရီနာအတွက် ရူပီး ၆သန်းတန် စိန်နားဆွဲတစ်စုံ လက်ဆောင်ပေးခဲ့တာပါ။ ကက်ထရီနာရဲ့သရုပ်ဆောင်ဖက် ရှရွတ်ခန်းကလည်း ရူပီး ၁.၅ သန်းတန်ဖိုးရှိတဲ့ ပန်းချီကားတစ်ချပ်ကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

လက်ပွားမင်းသား ဟရိတစ်ရိုရှန်းကလည်း ဗစ်ကီကို ရူပီး ၃ သန်းဝန်းကျင် BMW G310 R မော်ဒယ်ဆိုင်ကယ်အသစ်တစ်စီးလက်ဆောင်ပေးခဲ့ပါတယ်လို့ ထွက်ရှိလာခဲ့တဲ့သတင်းတွေအရ သိရပါတယ်။ ဒီအနုပညာသူငယ်ချင်းမိတ်ဆွေတွေက မင်္ဂလာပွဲကို တက်ရောက်ခဲ့ခြင်းတော့မရှိခဲ့ပေမဲ့ တန်ဖိုးကြီးမင်္ဂလာလက်ဖွဲ့တွေ ပေးပို့ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြတာပါ။

Ref: Tribune “Vicky, Katrina receive wedding gifts ‘worth millions'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top