ခရစ္စမတ်ကာလ ခရီးသွားမှုတွေကြောင့် အိုမီခရွန် ကူးစက်မှုမြင့်တက်လာနိုင်ဟု ဆို

america-omicron.jpg

ခရစ္စမတ်ကာလ ခရီးသွားလာမှုတွေကြောင့် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ရဲ့ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာပြီး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံသူတွေပါ ကူးစက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန်အစိုးရရဲ့ ကပ်ရောဂါဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အန်သိုနီဖောစီက ပြောပါတယ်။

အံ့အားသင့်စရာ မျိုးဗီဇပြောင်းလဲမှုတွေ ရှိနေတဲ့ အိုမီခရွန်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတွေက ပြည်ဝင်ခွင့်စည်းမျဉ်းတွေကို တင်းကျပ်လျက် ရှိပါတယ်။ ဥရောပတိုက်မှာ ပြင်သစ်နဲ့ ဂျာမနီတို့က ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး နယ်သာလန်ကတော့ ခရစ္စမတ်ကာလအတွင်း တင်းကျပ်တဲ့ Lockdown ချထားပါတယ်။

ထပ်တိုးကာကွယ်ဆေး (Booster shot) ထိုးနှံထားရင် ပြင်းထန်တဲ့ ဝေဒနာမခံစားရအောင် ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ပြောခဲ့ပြီးနောက် နိုင်ငံအသီးသီးမှာ ကိုဗစ်ကာကွယ်ဆေး ထပ်တိုးထိုးနှံရေးစီမံကိန်းတွေ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။

အမေရိကန်နိုင်ငံမှာ အိုမီခရွန်မျိုးကွဲသစ် ကူးစက်မှုနှုန်း မြန်ဆန်လာရင် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်လို့ ဒေါက်တာဖောစီက သတိပေးထားပါတယ်။ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေကြဖို့၊ ကာကွယ်ဆေးနဲ့ ထပ်တိုးကာကွယ်ဆေးတွေ ထိုးကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ ကာကွယ်ဆေး မထိုးထားသူတွေဟာ ပြင်းထန်တဲ့ ဝေဒနာခံစားရနိုင်ခြေများပြီး ဆေးရုံတက်ရဖို့ များတယ်လို့ ဒေါက်တာဖောစီက ဆိုပါတယ်။

Ref: BBC “Covid: Christmas travel will fuel spread of Omicron, US expert warns”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top