SpaceX Falcon ဒုံးပျံရဲ့ booster နှစ်စင်း မြေပြင်ဆင်းသက်လာတဲ့ အနီးကပ်ပုံရိပ်တွေကို ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူးမိ

2-11-2022yyl48.jpg

SpaceX က ဓာတ်ပုံဆရာတွေကို ဖလော်ရီဒါပြည်နယ်ရှိ Landing Zone ဆီ လာရောက်ဖို့ ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့ပါတယ်။ ဓာတ်ပုံဆရာတွေက Cape Canaveral Space Force Station မှာ ရှိတဲ့ Landing Zone 2 ဘေးမှာ အဝေးထိန်းကင်မရာတွေကို တပ်ဆင်ထားကြပါတယ်။ အဲဒီဓာတ်ပုံဆရာတွေထဲကတစ်ဦးကြောင့်ပဲ ဒုံးပျံရဲ့booster (၂) စင်းဆင်းသက်တဲ့ အနီးကပ်ပုံရိပ်တွေကို မြင်ခွင့်ရခဲ့ပါတယ်။

အင်္ဂါနေ့က SpaceX ရဲ့ Falcon Heavy ဒုံးပျံတစ်စင်းကို Kennedy Space Center ကနေ လွှတ်တင်ခဲ့ပါတယ်။ အဲဒီဒုံးပျံက အမေရိကန်အာကာသတပ်ဖွဲ့ (US Space Force) အတွက် ဂြိုလ်တုနှစ်စင်းကို သယ်ဆောင်ခဲ့ပါတယ်။ လွှတ်တင်ပြီး မကြာခင်မှာ Falcon Heavy ဒုံးပျံရဲ့ Side-booster တွေဟာ မြေပြင်က စက်ဝိုင်းပုံဒုံးလွှတ်စင်ဆီ ပြန်ဆင်းသက်လာခဲ့ပါတယ်။ ပထမ booster က ဒုံးပျံလွှတ်တင်ပြီး ၈ မိနစ်နဲ့ ၁၅ စက္ကန့်အကြာမှာ ပြန်ဆင်းသက်လာခဲ့ပြီး နောက်တစ်ခုက ပထမတစ်ခု ဆင်းသက်ပြီး ၅ စက္ကန့်အကြာမှာ နောက်ကနေ လိုက်လာခဲ့ပါတယ်။

Falcon Heavy ဒုံးပျံရဲ့ booster နှစ်ခု မြေပြင်ဆီ ပြန်ဆင်းသက်လာတဲ့ အနီးကပ်ပုံရိပ်တွေကို ရိုက်ကူးထားနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာက Ars Technica နည်းပညာဝက်ဘ်ဆိုက်အတွက် ဓာတ်ပုံတွေ တင်ပေးနေတဲ့ ဓာတ်ပုံဆရာ ထရီဗာ မက်လ်မန်းဆိုသူပါ။ ဒုံးပျံလွှတ်တင်ပြီး ပြန်ဆင်းသက်လာတဲ့ ဗီဒီယိုက booster တွေရဲ့လှုပ်ရှားမှုကို ပြသနေပေမဲ့ ထရီဗာက အနီးကပ်ရိုက်ကူးထားနိုင်ခဲ့တာပါ။

SpaceX က မြေပြင်ကို ပြန်ဆင်းသက်လာတဲ့ ဒီ booster တွေကို စစ်တပ်ရဲ့နောက်ထပ် Falcon Heavy မစ်ရှင် USSF-67 မှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref: Indiatimes “Photographer Captures Close-Up Of Two SpaceX Falcon Rockets Landing”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top