သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီအပါအဝင် တိရစ္ဆာန် ၈၇ ကောင်ကို ရှာဖွေတွေ့ရှိ

9.3.24-yyl-3.jpg

သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိတဲ့ ပန်ဒါနီတစ်ကောင် အပါအဝင် အခြားတိရစ္ဆာန် ၈၆ ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်ပေါ် လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား ၆ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ တိရစ္ဆာန် ၈၇ ကောင်ကို တွေ့ရှိခဲ့တာပါ။ ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီ၊ ထိပ်ကွက်မျောက်၊ ကြောင်တံငါနဲ့ ဆူလာဝီစီဝက်ဝံတစ်ကောင် အပါအဝင် ပုတ်သင်ညို၊ မြွေ၊ ငှက်၊ လင်းနို့ အစရှိတဲ့ တိရစ္ဆာန် ၈၇ ကောင်ကို တွေ့ရှိခဲ့တာပါ။

ထိုင်းနိုင်ငံထဲကနေ တိရစ္ဆာန်အရှင်တွေ ခိုးထုတ်ဖို့ ကြိုးစားမှုအတွက် အိန္ဒိယနိုင်ငံသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြားကာလအတွင်း ကမ္ဘာတစ်ဝန်းမှ လေဆိပ် ၁၃၆ ခုမှာ အလားတူ တိရစ္ဆာန် တရားမဝင်ကုန်ကူးမှုတွေ ရှိခဲ့ပြီး ထိုင်းနိုင်ငံက ဒုတိယအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Ref:Red panda found alongside 86 other animals in luggage at Thai airport

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top