၁၂ ရက်နေ့ မနက် ၁ နာရီခန့်တွင် ဖြူးမြို့ အနောက်ဘက်ကို ဗဟိုပြု၍ Richter Scale ၆.၀ ပမာဏ ရှိငလျင်လှုပ်ခဲ့ပြီး ငလျင်အသေးစားများ ဖြစ်ပွားခဲ့

26231606_931047783718937_2381703832403809604_n.jpg

၁၂၊ ၀၁၊ ၂၀၁၈ သောကြာနေ့ မနက် ဝဝ : ၅၆ နာရီတွင် ပဲခူးတိုင်း၊ ဖြူးမြို့ အနောက်ဘက် ပဲခူးရိုးမ ကို ဗဟိုပြုပြီး ပမာဏ Richter Scale ၆.၀ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ Richter Scale ၅.၃ ရှိတဲ့ ငလျင် ၃ ခု၊ ၄.၃ Richter Scale ပမာဏရှိ ငလျင်နဲ့ ၄.၇ Richter Scale ပမာဏာရှိ ငလျင်တို့ လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အခုလှုပ်သွားတဲ့ ငလျင်က ၁၀ ကီလိုမီတာ သာရှိပြီး စစ်ကိုင်းပြတ်ရွေ့နဲ့ ၁၀ မိုင်ခန့် ဝေးကွာကာ ပဲခူးရိုးမ အနောက် ပြတ်ရွေ့နဲ့ နီးသောနေရာနားတွင် လှုပ်သွားကြောင်းသိရပါတယ်။ ငလျင်လှုပ်ခတ်အပြီးတွင် နောက်ဆက်တွဲငလျင်များလည်း လှုပ်ခဲ့ခဲ့ပြီး ငလျင်လှုပ်ခဲ့တဲ့ နေရာနားမှာ ဖြူးဆည်နဲ့ တမံများရှိတာကြောင်း သတိထားရန် လိုအပ်ကြောင်း Myanmar Earthquake Committee မှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့ခြင်းကို နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင် မြို့နယ်တို့တွင် သိသိသာသာခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အခုချိန်ထိ မသိရှိရသေးကြောင်း သိရပါတယ်။

လူမို (ရိုးရာလေး)

Source : Myanmar Earthquake Committee

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top