၂၀၂၀ ခုနှစ်ရဲ့ ဆန်းသစ်တီထွင်မှု အရှိဆုံးနှင့် တန်ဖိုးအကြီးမားဆုံး နိုင်ငံတကာ အမှတ်တံဆိပ်များ စာရင်းရဲ့ နံပါတ် ၅ နေရာမှာ Samsung ရပ်တည်

30-6-2020-yyl-017.jpg

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Samsungက Boston Consulting Group (BCG) မှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် ဆန်းသစ်တီထွင်မှု အရှိဆုံး ကုမ္ပဏီများ စာရင်းနှင့် Brand Finance မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် ဈေးကွက်တန်ဖိုးအမြင့်မားဆုံး အမှတ်တံဆိပ်များ စာရင်း ၂ ခုလုံးတွင် နံပါတ် ၅ နေရာ၌ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Samsungက ဒီဂုဏ်သိက္ခာ ကြီးမားသော နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာတဲ့ စာရင်း ၂ ခုလုံးရဲ့ ထိပ်ဆုံး ၅ နေရာ အတွင်း ရပ်တည်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အာရှ အမှတ်တံဆိပ် တစ်ခုလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း BCG ရဲ့ ဆန်းသစ်တီထွင်မှု အရှိဆုံး ထိပ်ဆုံးကုမ္ပဏီ ၅၀ စာရင်းတွင် ကုမ္ပဏီ အရေအတွက် စုစုပေါင်း ၁၆၂ ခု အထိ ပါဝင်ရပ်တည်နိုင်ခဲ့ရာ အဲဒီအထဲမှာ ၃၀% က ထိပ်ဆုံး ၅၀ စာရင်းတွင် တစ်ကြိမ်တည်းသာ ရပ်တည်နိုင်ခဲ့ကြပြီး ၅၇% က သုံးကြိမ် (သို့မဟုတ်) သုံးကြိမ်အောက်သာ ပါဝင်နိုင်ခဲ့ချိန်တွင် Samsung က ၁၄ နှစ် ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် ပါဝင်ရပ်တည်နိုင်ခဲ့တဲ့ ကုမ္ပဏီ ၈ ခု အနက် တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ BCG ရဲ့ ဆန်းသစ်တီထွင်မှု အရှိဆုံး ကုမ္ပဏီများကို အဆင့်သတ်မှတ်သည့်နေရာတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအတွင်း ကမ္ဘာတစ်ဝန်းမှ ဆန်းသစ်တီထွင်မှုပိုင်းဆိုင်ရာ နယ်ပယ်များမှ အကြီးတန်း အရာရှိပေါင်း ၂,၅၀၀ ( အမှုဆောင် အရာရှိအဆင့်မှ ၆၃% နှင့် အကြီးတန်း ဒု-ဥက္ကဠ (သို့) ဒု-ဥက္ကဠအဆင့်မှ ၃၇%) ကို စစ်တမ်းကောက်ယူမှုများ အပေါ်တွင် မူတည်ပြီး သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ BCG က ကုမ္ပဏီများရဲ့ စွမ်းဆောင်ရည်များကို ရှုထောင့်လေးခုဖြင့် အမှတ်ပေးအကဲဖြတ်ခဲ့ပြီး အဲဒီအမှတ်များကို ပျမ်းမျှ ပြန်လည် တွက်ချက်ကာ နောက်ဆုံးအဆင့် ခြုံငုံသတ်မှတ်ချက် အဆင့်ကို တွက်ချက်ပေးခြင်းဖြစ်ပါတယ်။

BCG ရဲ့ ၂၀၂၀ ခုနှစ်အတွက် ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီများအကြောင်း ရေးသားထားတဲ့ အစီရင်ခံစာ အပြည့်အစုံကို အောက်ပါ link မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

https://www.bcg.com/…/most-innovative-compani…/overview.aspx

ကုန်အမှတ်တံဆိပ်များရဲ့ ဈေးကွက်တန်ဖိုးများနှင့် ပတ်သက်ပြီး အတိုင်ပင်ခံဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိတဲ့ Brand Finance ၏ Global 500 Index စစ်တမ်းအရ Samsung က ပဉ္စမမြောက် ဈေးကွက်တန်ဖိုး အမြင့်မားဆုံး အမှတ်တံဆိပ်အဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည့် အပြင် အာရှတိုက်ရဲ့ ဈေးကွက်တန်ဖိုး အမြင့်မားဆုံးသော B2C အမှတ်တံဆိပ် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ Samsung က ပြီးခဲ့သည့်နှစ်တွင် အမြတ်ငွေ ၄% (အမေရိကန်ဒေါ်လာ ၉၄.၅ ဘီလီယံ) ပိုမို ရရှိခဲ့ပြီး နိုင်ငံတကာ နည်းပညာကဏ္ဍရဲ့ဦးဆောင် အင်အားကြီး ကုမ္ပဏီ တစ်ခုအဖြစ် ဆက်လက်သက်သေပြနိုင်ခဲ့ပါတယ်။

Samsung က အခုနှစ်အတွက် ခန့်မှန်းထားတဲ့ ဝင်ငွေရရှိမှုကို ကျော်လွန်ခဲ့ပြီး (၎င်း၏ 5G စမတ်ဖုန်းများ ရောင်းချရမှုသည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့) နိုင်ငံတကာ 5G စမတ်ဖုန်း ဈေးကွက်ရဲ့ ၅၄% အထိကို ရရှိပိုင်ဆိုင် ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Samsung က နှစ်စဉ်နှစ်တိုင်း flagship အဆင့် စမတ်ဖုန်း ၂ လုံးခန့်အား တီထွင်ထုတ်လုပ် ပေးနေလျက် ရှိပြီး အဆင့်မြင့်မားသော နောက်ဆုံးပေါ် နည်းပညာများနှင့် အတူ ဈေးကွက်ကို နှစ်စဉ် ဦးဆောင် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ အခုနှစ်တွင်လည်း Samsungက သူမတူသော ဒီဇိုင်းနှင့် နည်းပညာများ ပါဝင်တဲ့ Samsung Z Flip စမတ်ဖုန်းကို မိတ်ဆက်နိုင်ခဲ့ပြီး အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော၊ အဆင့်မြင့်မားသော အလားတူ စမတ်ဖုန်းများအား ထုတ်လုပ်နိုင်သည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသည့်အတွက်လည်း သူတို့ရဲ့ ပြိုင်ဘက် စမတ်ဖုန်း ကုမ္ပဏီများကို သိသိသာသာ အသာစီး ရယူထား နိုင်ခဲ့ပါတယ်။

Brand Finance က အခုလိုကုန်အမှတ်တံဆိပ်များရဲ့ စုစုပေါင်း ဈေးကွက်တန်ဖိုးကို တိုင်းတာရာတွင် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ အစုရှယ်ယာရှင်များရဲ့ပိုင်ဆိုင်မှုနှင့် စီးပွားရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ အပါအဝင် ဘက်ပေါင်းစုံမှ အချက်အလက်များကို ထည့်သွင်းတိုင်းတာခဲ့ရာ Samsung က AAA- အဆင့်ရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းကုန်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Samsungက မတူညီသော လုပ်ငန်းကဏ္ဍ အသီးသီးတွင် နှစ်စဉ်နှစ်တိုင်း အရည်အသွေးမြင့် ထုတ်ကုန်များကို ဆက်တိုက် ထုတ်လုပ်နိုင်ခဲ့သည့် အတွက်လည်း အခုလို့ ကမ္ဘာတစ်ဝန်း တန်ဖိုးအမြင့်မားဆုံးနှင့် ဆန်းသစ်တီထွင်မှု အရှိဆုံး ထိပ်ဆုံး ကုမ္ပဏီ ၅ ခု စာရင်းတွင် အမေရိကန်နိုင်ငံပြင်ပမှ တစ်ခုတည်းသော ကုန်အမှတ်တံဆိပ်အဖြစ် ပါဝင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Brand Finance Global 500 2020 အစီရင်ခံစာ အပြည့်အစုံကို အောက်ပါ link မှတဆင့် ဝင်ရောက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

https://brandfinance.com/…/r…/brand-finance-global-500-2020/

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top