ချစ်သူတွေ ဖြစ်နေကြတဲ့ မင်းသားလီ ဂျန်ဂျင် နဲ့ Euaerin

DTNp44KVAAAOck2.jpg

တောင်ကိုရီးယား နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ လီဂျန်ဂျင်ဟာ တောင်ကိုရီးယား အမျိုးသမီး ဂီတအဖွဲ့ဖြစ်တဲ့ Nine Muses အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ EUAERIN နဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

အသက် ၄၀ အရွယ်ရှိမင်းသား လီက အသက် ၃၀ အရွယ် EUAERIN နဲ့ ချစ်သူတွေ ဖြစ်နေတဲ့ဆိုတဲ့ သတင်းတွေက မှန်ကန်ပါတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ မင်းသားလီက ချစ်သူအဖြစ်လက်တွဲနေတာဟာ ၇လကြာနေပြီလို့ ပြောဆိုခဲ့ပါတယ်။ လက်ထပ်ဖို့ ဆိုတာကတော့ လက်ရှိအချိန်မှာ အရမ်းစောလွန်းသေးတယ်လို့ မင်းသားလီက ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်ဇွန်လတည်းက ချစ်သူတွေ ဖြစ်နေတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောခဲ့ပါတယ်။

မင်းသားလီဂျန်ဂျီရဲ့ အေဂျင်စီကလည်း မင်းသားလီနဲ့ Euaerin တို့ ချစ်သူတွေ ဖြစ်နေတယ်ဆိုတဲ့အချက်ကို အတည်ပြုခဲ့ပါတယ်။

Ref : ALLKpop : Lee Jung Jin and Euaerin confirm dating news

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top