ဝနေတဲ့ ဇနီးအပေါ် ဝေဖန်မှုတွေကို ကာကွယ်ပေးပြီး အချစ်စစ်အဓိပ္ပာယ်ကို ပြသခဲ့တဲ့ မင်းသားကြီး

2-8-2022-yyl21.jpg

ဂျိမ်းစ်ဘွန်းမင်းသားဟောင်း ပီယာဘရော့စ်နန်က သူ့ဇနီးရဲ့ ခန္ဓာကိုယ်အချိုးအစားအပေါ် ဝေဖန်မှုတွေကို တုံ့ပြန်လိုက်ပြီး အချစ်ရဲ့အဓိပ္ပာယ်ကို ပြသခဲ့ပါတယ်။ ပီယာဘရော့စ်နန်ဟာ ၂၀၀၁ ခုနှစ်ကတည်းက ကီလီရှာယီစမစ်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင်သက် ၂၁ နှစ် ရှိပါပြီ။ ပီယာဘရော့စ်နန်ဟာ ကီလီနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေကို အမြဲတစေ ကာကွယ်ပေးလေ့ရှိပါတယ်။

ဖေ့ဘွတ်ခ်ပေါ်က Troll တစ်ခုမှာ သူတို့လင်မယားရဲ့ ယခင်ပုံနဲ့ လက်ရှိပုံကို ယှဉ်တွဲပြပြီး ” ဒါလည်း ကျွန်တော်တို့ပဲလေ” လို့ သရော်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒီပို့စ်ကို ပြန်ဖျက်ခဲ့ပါတယ်။ဒါပေမဲ့ ပီယာဘရော့စ်နန်ကတော့ ” ကီလီရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတိုင်းကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ သူက ကျွန်တော့်မျက်စိထဲမှာ အလှဆုံးအမျိုးသမီးပါပဲ” လို့ တုံ့ပြန်ရေးသားခဲ့တာပါ။

Ref: Pierce Brosnan Responds to Trolls Who Criticized His Wife’s Weight and Shows Us What True Love Is

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top