ဈေးဝယ်စင်တာခေါင်မိုးပေါ်က လူနေရပ်ကွက်ကြီး

2.2.2023-image-1.jpg

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကော့စ်မိုပါ့ခ်ဆိုတဲ့ ရပ်ကွက်ကြီးတစ်ခု ရှိတယ်။ အဲဒီရပ်ကွက်မှာ နှစ်ထပ်တိုက် ၇၈ လုံးရှိပြီး လမ်းတွေကို အစီအရီဖောက်ထားသလို ရေကူးကန်တွေနဲ့ တင်းနစ်ကွင်းတစ်ကွင်းရှိတယ်။ တကယ်တော့ အဲဒီရပ်ကွက်တစ်ခုလုံးက ၁၀ ထပ်မြင့်တဲ့ ဈေးဝယ်စင်တာပေါ်မှာ တည်ဆောက်ထားတာပါ။

ဂျကာတာမြို့လယ်မှာရှိတဲ့ သမ်ရင်းစီးတီးမော အပေါ်ထပ်မှာ ရှိတာပါ။ ကော့စ်မိုပါ့ခ်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက ရှိနေတာဖြစ်ပေမဲ့ ၂၀၁၉ ခုနှစ်မတိုင်ခင်က အဲဒီရပ်ကွက်ကြီးအကြောင်း သိသူနည်းပါတယ်။ တွစ်တာပေါ်မှာ ဓာတ်ပုံပျံ့နှံ့သွားပြီးမှ ကော့စ်မိုပါ့ခ်က နာမည်ကျော်လာတာပါ။

ကော့စ်မိုပါ့ခ်မှာ ၅ ဘလောက်ရှိပြီး အဲဒီရပ်ကွက်ကို ရောက်ဖို့ဆိုရင်တော့ သမ်ရင်းတာဝါဝင်ပေါက်ကပဲ ဝင်လို့ ရပါတယ်။ မတော်တဆမှုတွေ မဖြစ်စေဖို့ ရပ်ကွက်တစ်ခုလုံးကို သံစည်းရိုး ကာရံပေးထားတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က လူဦးရေ အထူထပ်ဆုံးမြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပြီး ဂျကာတာမြို့တော်တစ်ဝိုက်မှာတင် လူဦးရေ ၁၀ သန်းကျော်ရှိပါတယ်။ ဆက်စပ်ဒေသတွေပါဆိုရင်တော့ လူဦးရေ သန်း ၃၀ လောက် ရှိတယ်။ ဒီတော့ မြေနေရာ ရှားပါးမှု ကြုံလာရတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြေနေရာရှားပါးမှုကို အထပ်မြင့်အဆောက်အအုံတွေနဲ့ ဖြေရှင်းပေမဲ့ ဂျကာတာမြို့ခံတွေကတော့ အထပ်နိမ့်အဆောက်အအုံတွေကိုပဲ ပိုသဘောကျလို့ ချဉ်းကပ်မှုပုံစံသစ်တွေ လုပ်ကြတာပါ။

Ref: Jakarta’s Rooftop Suburb Is Built Atop a Giant Shopping Mall

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top