စိန် ဘာကြောင့် မာကျောသလဲဆိုတာ အဖြေထုတ်ပေးခဲ့တဲ့ နိုဗယ်ဆုရှင် သားအဖ

2-8-2022-yyl23.jpg

စိန်ဟာ ကမ္ဘာပေါ်မှာ အမာကျောဆုံး အရာတစ်ခုလို့ သိထားကြပါတယ်။ ဘာကြောင့် မာကျောမှု မြင့်မားရသလဲဆိုရင် 3D ရာဇမတ်ကွက်ပုံစံ(lattice structure) ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ကာဗွန်အက်တမ်တွေကြောင့်ပါ။ X-ray diffraction နည်းပညာ အသုံးပြု ခွဲခြမ်းစိတ်ဖြာမှုမှာ ပထမဆုံး ထွက်ပေါ်လာတာ စိန်ရဲ့ပုံဆောင်ခဲဖွဲ့စည်းပုံပါပဲ။

ပုံဆောင်ခဲထဲမှာ အက်တမ်တွေ ဘယ်လိုဖြစ်တည်နေလဲဆိုတာ သိရဖို့ X-ray ရိုက်ကြည့်တဲ့ နည်းပညာကို X-ray diffraction လို့ ခေါ်ပါတယ်။ အဲဒီနည်းပညာကို ဝီလျံဘရက်ဂျ်နဲ့ လောရင့်ဘရက်ဂျ်တို့ သားအဖနှစ်ယောက်က စတင်တီထွင်ခဲ့တာပါ။

၁၉၁၃ ခုနှစ် ဇူလိုင်လကုန်မှာ သူတို့က စိန်ရဲ့ပုံဆောင်ခဲဖြစ်တည်မှုကို ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။ သူတို့ရဲ့တွေ့ရှိမှုဟာ အဲဒီခေတ်တုန်းက ဒြပ်ထုပစ္စည်းတွေထဲက ဓာတုဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ အမြင်တွေကို တော်လှန်ပြောင်းလဲနိုင်ခဲ့ပါတယ်။

သူတို့သားအဖေဟာ ပုံဆောင်ခဲဖြစ်တည်မှုကို X-ray နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်အောင် ကြံဆောင်ခဲ့တဲ့အတွက် ၁၉၁၅ ခုနှစ်မှာ ရူပဗေဒ နိုဗယ်ဆု ဆွတ်ခူးခဲ့ပါတယ်။

Ref: The Structure of the Diamond

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top