ယခုပွဲမှာ OPPO Myanmar AED က National Event Partner အဖြစ် ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က နည်းပညာပိုင်းတွေမှာ ပိုမိုကောင်းမွန်တိုးတက်လာအောင် အစဉ်အဆက်ကြိုးပမ်းနေရုံသာမက ပိုပြီးကောင်းမွန်တဲ့ လူနေမှုဘဝတွေ ဖြစ်လာစေဖို့အတွက် အမှန်တကယ်ကြိုးစားနေတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထိရောက်မှုရှိရှိ ကူညီပံ့ပိုးလျက်ရှိပါတယ်။


ယခုအခါမှာလဲ AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေအနေနဲ့ ပညာရေးကနေ အလုပ်အကိုင်ဘက်ကို ကူးပြောင်းတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကွာဟမှုတွေကို ဖြည့်ဆည်းပေးဖို့၊ အဆိုပါ ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ နည်းပညာ နဲ့ AI ကို ထိထိရောက်ရောက် နည်းလမ်းမှန်မှန်နဲ့ အသုံးချနိုင်ဖို့နဲ့ အဆိုပါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO ရဲ့ ထုတ်ကုန်တွေက ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် OPPO Myanmar AED က “ National Event Partner ” အဖြစ် ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။


အဆိုပါ ပွဲမှာ နယ်ပယ်မတူညီတဲ့ အသက်မွေးလမ်းကြောင်းအသီးသီးမှ နည်းပညာရှင်တွေက ၎င်းတို့ရဲ့ မတူညီတဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ အသက်မွေးလမ်းကြောင်းအသီးသီးအတွက် လိုအပ်တဲ့အရာတွေကို မျှဝေဖလှယ်ရင်း အပြန်အလှန် နားလည်မှုနဲ့ လေးစားမှုတွေ တိုးပွားလာစေမဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့သလို OPPO Myanmar AED က တာဝန်ရှိသူမှလဲ OPPO အနေနဲ့ လူငယ်တွေရဲ့ ပညာရေးကနေ အလုပ်အကိုင်ဘက်ကို ကူးပြောင်းတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကွာဟချက်တွေကို နည်းပညာအားဖြင့် မည်သို့မည်ပုံ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မျှဝေပေးခဲ့ပါတယ်။



လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်အားထက်သန်မှုတွေကို အမြဲတမ်း အားပေးကူညီလျက်ရှိပြီး လူငယ်တွေအတွက် သာမက လူနေမှုဘဝတွေ တိုးတက်လာနိုင်ရေးအတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့ အစဉ်အဆက် ကူညီပံ့ပိုးလျက်ရှိတဲ့ OPPO နဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ် သတင်းတွေနဲ့ ပတ်သက်ပြီး အထူးသိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့မှ တစ်ဆင့် လေ့လာ ကြည်ရှုနိုင်မှာဖြစ်ပါတယ်။
#OPPO #OPPOAIPhone
NZ ( ရိုးရာလေး )

