Tial Thang Zathang အမှတ်နဲ့အနိုင်ရရှိခဲ့တဲ့မြင်ကွင်းများ

ONE: MARK OF GREATNESS ပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ Tial Thang Zathang နဲ့ တောင်ကိုရီးယား အားကစားသမား Kim Woon Kyoum တို့တွဲဆိုင်း Tial Thang Zathang ကအမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

Tial Thang Zathang ဟာ ချင်းပြည်နယ် နပမ်းချန်ပီယံကို ၄ ကြိမ်ရရှိထားကာ New York State Championship နပမ်းပြိုင်ပွဲပေါင်းများစွာကို အနိုင်ရရှိထားသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အောင်လအန်ဆန်လမ်းညွှန်မှုနဲ့အတူ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲကို ဝင်ရောက်ကာ အောင်မြင်မှုရရှိရေးအတွက် အောင်လအန်ဆန်လေ့ကျင့်နေတဲ့ Hard Knocks 365 ကလပ်မှာ ပြောင်းလဲလေ့ကျင့်နေတာဖြစ်ပါတယ်။

ဒီနေ့ညပိုင်းက ONE: MARK OF GREATNESS ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Camera&Edit- Cherry

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top