တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုက စက်ရုပ်စားပွဲထိုး အသုံးပြုနေ

robotwaitercn01.jpg

ယနေ့ခေတ်မှာ နည်းပညာတိုးတတ်လာတာနဲ့အမျှ စက်ရုပ်တွေနဲ့ လုပ်ကိုင်တဲ့လုပ်ငန်းတွေရှိလာပါတယ်။ အဲဒီလိုဖြစ်လာတဲ့အတွက် စက်ရုပ်တွေက ကမ္ဘာ ကြီးမှာ နေရာယူလာကြတော့မှာလားလို့ စဉ်းစားစရာဖြစ်လာပါပြီ။ အခုလည်း တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုက စက်ရုပ်စားပွဲထိုးကို ထားရှိ ထားပါ တယ်။

အဲဒီစားသောက်ဆိုင်က လာရောက်စားသောက်တဲ့သူတွေကို အစားသောက်တွေတည်ခင်းဧည့်ခံဖို့အတွက် ဘတ္တရီပါဝါနဲ့စက်ရုပ်ကို အသုံးပြုခဲ့တာပါ။ အဲဒီ စက်ရုပ်က (၇) ကီလီုဂရမ်ရှိတဲ့အစားအစာတွေ၊ သောက်စရာတွေကို သယ်ယူနိုင်ပါတယ်။

စက်ရုပ်က (၁၄၀) စင်တီမီတာအရှည်ရှိပြီး ရှန်ရန်မြို့ရဲ့စားသောက်ဆိုင်တစ်ခုမှာ (၈) နာရီကျော်လောက် အလုပ်လုပ်နေတာကို မြင်တွေ့ရနိုင်ပါတယ်။ စက်ရုပ်က အာရုံခံကိရိယာနဲ့ လမ်းကြောင်းပြကိရိယာပေါင်းစပ်မှုတို့ကြောင့် အစားအသောက်တွေ ဖိတ်စဉ်တာမဖြစ်ဘဲ လာစားသူတွေဆီ ယူလာပေးနိုင် ပါတယ်။

စက်ရုပ်စားပွဲထိုးရှိတာက စားသောက်ဆိုင်ပိုင်ရှင်တွေအတွက် ကောင်းပေမဲ့ စားသောက်ဆိုင်တွေမှာ အလုပ်ရှာနေတဲ့သူတွေအတွက်တော့ မကောင်းနိုင် ပါဘူး။ စက်ရုပ်တွေက လူသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ခြိမ်းခြောက်သလိုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ နည်းပညာကျွမ်းကျင်တဲ့သူတွေက ဒီလိုစက်ရုပ်စားပွဲထိုးအမျိုးအစားတွေက လူတွေနေရာမှာ ခဏတာအစားထိုးဝင်ရောက်မှာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

လူ (၆၇) ရာခိုင်နှုန်းက လူသားလုပ်ဖော်ကိုင်ဖက်တွေကို ပိုအလိုရှိကြပြီး လူအစား စက်ရုပ်တွေကို အစားထိုးလုပ်ကိုင်စေချင်တာက လူ (၃၇) ရာခိုင်နှုန်းရှိ တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

Ref: Robot Waiter Serves In Chinese Restaurant

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top