ဒေါ်လာ ၁၅ သန်း တန်ဖိုးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကားနံပါတ်ပြား

10.4.2023-yyl-iamge-4.jpg

ဒူဘိုင်းက “P 7″ ကားနံပါတ်ပြားကို ဒေါ်လာ ၁၅ သန်း ( ယူအေအီးဒါဟမ် ၅၅ သန်း) နဲ့ ရောင်းချနိုင်ခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာ့ဈေးအကြီးဆုံးကားနံပါတ်ပြားအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ဒီနံပါတ်ပြားကို ဒူဘိုင်းမှာ ပြုလုပ်တဲ့ ‘Most Noble Numbers” လေလံပွဲမှာ ရောင်းချနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်က အဘူဒါဘီမြို့မှာ ဒေါ်လာ ၁၄ သန်းကျော် (ယူအေအီးဒါဟမ် ၅၂. ၅ သန်း)နဲ့ စံချိန်ချိုးခဲ့တဲ့ နံပါတ်ပြားကို ကျော်ပြီး စံချိန်တင်ခဲ့တာပါ။

လေလံပွဲမှာ ဒီနံပါတ်ပြားအတွက် ဧည့်သည်တော်တွေအများကြီးကြား အပြိုင်အဆိုင်လေလံဆွဲခဲ့ကြတာပါ။ လေလံ‌ဈေး ၄ သန်း (ယူအေအီးဒါဟမ် ၁၅ သန်း) ကျော်နဲ့ စတင်ရောင်းချခဲ့ရာ စက္ကန့်ပိုင်းအတွင်း ၈ သန်းကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။ Telegram တည်ထောင်သူ ပြင်သစ်-အီမီရတီစီးပွားရေးသမား ပါဗယ် ဒူရဗ် ကလည်း ဒေါ်လာ ၉ သန်းကျော်နဲ့ လေလံဆွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အမည်မဖော်လိုသူတစ်ဦးက ဒေါ်လာ ၁၅ သန်းနဲ့ နောက်ဆုံးလေလံအောင်သွားခဲ့တာပါ။

ထူးခြားတဲ့ကားနံပါတ်ပြားနဲ့ ဖုန်းနံပါတ်တွေ ရောင်းချတဲ့ “The Most Noble Numbers” ပရဟိတလေလံပွဲကို “1 Billion Meals Endowment” ကမ်ပိန်းကို ထောက်ပံ့ဖို့အတွက် ဧပြီ ၈ ရက်နေ့က ဒူဘိုင်းမှာ ကျင်းပခဲ့တာပါ။ ဒူဘိုင်းအုပ်ချုပ်သူလည်းဖြစ်တဲ့၊ ယူအေအီးဒုသမ္မတ၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ မိုဟာမက် ဘင်ရာရှိ အယ်မာတုမ်က အကြီးဆုံးရာမဒန်စားနပ်ရိက္ခာထောက်ပံ့ရေးရန်ပုံငွေထူထောင်ဖို့ “1 Billion Meals Endowment” ကမ်ပိန်းလုပ်ခဲ့တာပါ။ ဒီလေလံပွဲမှာ ဒေါ်လာ ၆ သိန်းကျော် (ယူအေအီးဒါဟမ် ၂.၃ သန်း) နဲ့ ရောင်းချနိုင်ခဲ့တဲ့ တန်ဖိုးမြင့်ဖုန်းနံပါတ်က 971548888888 ပါ။

Ref: StartupPakistanRecorder & ArabianBusiness “Dubai number plate ‘P 7’ sells for a whopping $15mn”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top