သွားကို ဆိုးရွားစွာ ပျက်စီးစေနိုင်သော အစားအသောက် (၁၀) မျိုး

15945460-8105610-396253-2-0-1503989984-1503989998-650-1-1503989998-650-bcb42203d2-1505215240.jpg

အပြုံးလှလှလေးတစ်ခုကို လူတိုင်းနီးပါး ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သွားဆရာဝန်ဆီ ပုံမှန်သွားတာမျိုး၊  အချို အစားအစာတွေ ရှောင်တာမျိုး ၊ပုံမှန် သွားတိုက်ပေးတာမျိုး စတဲ့ လုပ်ငန်းလေးတွေကို လုပ်ကြတာပါ။

သို့ပေမဲ့ အစားအစာတစ်ချို့က သွားကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အခုဒီမှာတော့ ရိုးရာလေး  စာဖတ်ပရိတ်သတ်ကြီးအတွက် သွားတွေကို ဆိုးရွားစွာ ပျက်စီးစေနိုင်တဲ့ အစားအသောက် ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁၀။ စပျစ်ဝိုင်ဖြူ

စမ်းသပ်ချက်တစ်ခုအရ နှုတ်ထားတဲ့ သွားများကိုဝိုင်အမျိုးမျိုး ထဲမှာ ၂၄ နာရီကြာစိမ်ခဲ့တဲ့အခါ ဝိုင်ဖြူက တခြားဝိုင်တွေထက် သွားကြွေလွှာကို ပိုတိုက်စားပြီး ကယ်လ်ဆီယမ်များကို လည်း တိုက်စားသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။ တကယ်လက်တွေ့ဘဝမှာတော့ ဝိုင်တစ်ခွက်ကို ၂၄  နာရီလုံးလုံးငုံထားမှာ မဟုတ်ပေမဲ့ ဝိုင်ဖြူနဲ့ ထိတွေ့ချိန်အနည်းငယ်ကြာလည်း သွားကို ပျက်ဆီးစေနိုင်ပါသေးတယ်။

၉။ ဝိုင်နီ

ဝိုင်နီတွေကတော့ သွားကျန်းမာရေးကို တိုက်ရိုက်ကြီး သက်ရောက်မှုမရှိပေမဲ့ သွားရဲ့ အရောင်ကို  အညိုရောင်အဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။

၈။ ကွမ်းစားခြင်း။

ကွမ်းကို အာရှနဲ့ ပစိဖိတ်ဒေသတစ်ဝိုက်က နိုင်ငံတွေအများစု စားသုံးကြပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေလည်း စားကြပါတယ်။ ကွမ်းဟာ သွားကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတော်တော်များများသိထားကြပေမဲ့ စားနေဆဲလည်း ဖြစ်ပါတယ်။ အမှန်က ကွမ်းဟာ  သွားကျန်းမာရေးကို သာမက ခံတွင်းကင်ဆာ၊ မေးရိုး အားနည်းခြင်းနဲ့ မျိုးပွားအင်္ဂါဆိုင်ရာ လုပ်ဆောင်ချက်တွေကို လည်းထိခိုက်နိုင်ပါတယ်။ ကွမ်းသီးဟာ ကဖင်းဓာတ်၊ အရက်နဲ့ နီကိုတင်း တို့ပြီးရင် ကမ္ဘာမှာ စတုတ္ထလူသုံးအများဆုံး စိတ်စွဲလမ်းစေတဲ့ အစားအစာတစ်ခု လည်း  ဖြစ်ပါတယ်။ WHO ရဲ့ လေ့လာချက်အရ ကွမ်းသီးသက်သက်ပင် ပါးစပ်ကင်ဆာနဲ့ အစာရေမြိုကင်စာတို့ကို ဖြစ်ပွားစေနိုင်ပြီး ခံတွင်းတစ်ရှုးများကိုလည်း ကြီးထွားလာစေနိုင်ပါတယ်။ ဒါ့အပြင် ကွမ်းစားခြင်းဟာ သွားကျိန်းစေပြီး သွားကြွေလွှာများကိုလည်း ပျက်စီးစေနိုင်ပါတယ်။

၇။ အာလူးကြော်များ

အာလူးကြော်စားလိုက်တဲ့အခါမှာ တံတွေးနဲ့ ရောသွားပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်တွေဟာ ဂလူးကိုစ်(သကြားဓာတ်) အဖြစ် ပြောင်းလဲသွားပါတယ်။ အားလူကြော်လို အကြော်အလှော်တွေဟာ တခြားအစားအသောက်တွေထက် သွားပေါ်မှာ  ရှိနေချိန်ပိုကြာတတ်တဲ့အတွက် သွားချေးကပ်စေပြီး သွားကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါကြောင့် အားလူးကြော်လို အကြော်အလှော်မျိုးစားပြီးပြီဆိုတာနဲ့ သေချာပလုတ်ကျင်းဖို့ လိုပါတယ်။

၆။ ပီကေ ဝါးခြင်း။

သကြားမဲ့ ပီကေ ဝါးတာက သွားကျန်းမာရေးကို မထိခိုက်လောက်ဘူးလို့ စာဖတ်သူတို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ပီကေဝါးခြင်းက သွားချေးများကို သွားအပေါ်ယံလွှာသို့ ဖုံးအုပ်စေနိုင်ပါတယ်။ ဒါ့အပြင် ပီကေဝါးတဲ့အခါ တံတွေးပိုထွက်လာပါတယ်။ တံတွေးမှာ အယ်ကာလီဓာတ်တွေပါဝင်ပြီး အယ်ကာလီက သွားအပေါ်ယံကြွေလွှာကို တိုက်စားနိုင်ပါတယ်။

၅။  ပြောင်းဖူးပေါက်ပေါက်။

ရပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက် ပုံမှန်စားနေကြသူတစ်ယောက်လား။ တစ်ချို့ ပြောင်းဖူးပေါက်ပေါက်တွေ ဟာ မပေါက်သေးဘဲ အစေ့အတိုင်းပဲ  ရှိနေသေးတဲ့အတွက် ဝါးမိရင် သွားကြံ့ခိုင်မှုကို အားနည်းစေပါတယ်။ ဒါအပြင် ပြောင်းဖူးပေါက်ပေါက်လို အသင့်စားအစာအစာမျိုးမှာ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်များလားရင် သွားကို ပျက်စီးစေတဲ့ အန္တရာယ်ရှိတဲ့ အချိုဓာတ်တွေ ထွက်ပေါ်လာတတ်ပါတယ်။

၄။ ခရမ်းချဉ်သီး

သံပရာမျိုးနွယ်ဝင် အသီးတွေလိုပဲ ခရမ်းချဉ်သီးမှာ အက်ဆစ်ဓာတ်လွန်ကဲစွာ ပါဝင်ပါတယ်။ ဒါကြောင့် လတ်လတ်ဆတ်ဆတ်  ခရမ်းချဉ်သီးများ သာမကဘဲ အချဉ်ရည်တွေ၊ ခရမ်းချဉ်သီးနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းတွေမှာလည်း အက်ဆစ်ဓာတ်ပါဝင်ပြီး ဒီအက်ဆစ်ဓာတ်ဟာ သွားကို ထိခိုက်စေနိုင်ပြီး သွားကျင်စေတတ်ပါတယ်။

၃။ ပေါင်မုန့်၊ ခေါက်ဆွဲနဲ့ အာလူးများ

ဒီအစားအစာတွေမှာ ကစီဓာတ်အများအပြားပါဝင်ပြီး ကစီဓာတ်ဟာ ပါးစပ်ထဲမှာ အကြာကြီးရှိနေနိုင်ပါတယ်။ ကစီဓာတ်ဟာ သွားချေးများကို ဖြစ်ပေါ်စေနိုင်ပြီး တံတွေးနဲ့ တွေ့တဲ့အခါမှာ သကြားဓာတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒီသကြားဓာတ်တွေဟာ သွားခေါင်းများကို ပျက်စီးစေနိုင်ပါတယ်။

၂။ သစ်သီးခြောက်များ

ပန်းသီးခြောက်တွေ၊ သစ်တော်သီးခြောက်တွေ ၊ ဆီးသီးခြောက်တွေနဲ့ စပျစ်သီးခြောက်တွေဟာ ချိုတဲ့အစားအစာတွေဖြစ်ပြီး စားပြီးရင် သွားမှာ ကပ်နေနိုင်ပါတယ်။ သကြားဓာတ်ဟာ သိတဲ့အတိုင်း သွားကို အထိခိုက်နိုင်ဆုံးဓာတ်တစ်ခုဖြစ်ပြီး သွားခေါင်းပေါက်များနဲ့  ကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။

၁။ လက်ဖက်ရည်။

လက်ဖက်ရည်များ ဖလူအိုရင်း ( fluorine )ဓာတ်အနည်းငယ်ပါဝင်ပါတယ်။ ဖလူအိုရင်းဓာတ် ပမာဏ နည်းရင် သိပ်မသိသာပေမဲ့  ပမာဏများလာတဲ့အခါမှာ အရိုးနဲ့သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို လက်ဖက်ရည် ၄  ခွက်ထက်ပိုမသောက်သင့်ပါဘူး။

နောက်ဆုံးတွေ့ရှိခဲ့ရတဲ့အချက်များအရ သွားကိုက်တာဟာ ကိုယ်တွင်းအင်္ဂါတွေနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ ဥပမာ စွယ်သွားတွေ ကိုက်နေမယ်ဆိုရင် သည်းခြေအိတ်ထိခိုက်နေတဲ့ လက္ခဏာဖြစ်ပြီး ရှေ့သွားတွေကိုက်မယ်ဆိုရင်တော့ နှလုံးသို့မဟုတ် အစာအိမ်ထိခိုက်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ဘယ်သွားကိုက်တာက ဘယ်ကိုယ်တွင်း အင်္ဂါကို ထိခိုက်နေတာလဲဆိုတာကို အကြမ်းဖျင်း သိချင်တယ်ဆိုရင်တော့  အောက်ကပုံမှာ လေ့လာနိုင်ပါတယ်။

Ref : Bright Side : The Top 10 Foods That Severely Harm Your Teeth

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top