အသားအရောင်ရင့်သူတွေမှာလည်းဖြစ်တတ်တဲ့ အရေပြားကင်ဆာ

cancer_de_pell.jpg

အိန္ဒိယ ဥရောပအနွယ်ဝင်တွေနဲ့ နှိုင်းယှဉ်ရင် နက်မှောင်တဲ့ အသားအရောင်ရှိသူတွေမှာ အသားအရည်နဲ့ မျက်လုံးအရောင်တွေကို ပေးစွမ်းပြီး ကာကွယ်ပေးတဲ့ melanin လို့ခေါ်တဲ့ အတော်အရေးပါတဲ့ ရောင်ခြယ်ဓာတ် အများအပြား ရှိတတ်ကြပါတယ်။ အဲ့ဒါရဲ့ကျေးဇူးနဲ့ အသားအရောင် ရင့်တဲ့သူတွေမှာ မရင့်တဲ့ သူတွေအောက် အရေပြားကင်ဆာ ဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒါပေမယ့် နည်းပါးတယ်ဆိုတာ လုံးဝမဖြစ်တော့ဘူးလို့ မဆိုလိုပါဘူး။

လေ့လာဆန်းစစ်ချက်အရ အသားအရောင်ရင့်တဲ့သူတွေမှာ အရေပြားကင်ဆာမဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆအမှား ရှိတတ်ကြပါတယ်။ တကယ်တော့ အသားရောင်ဖျော့တဲ့သူတွေမှာ ကင်ဆာဖြစ်စေတဲ့ဓာတ်ကိုကာကွယ်ပေးတဲ့ melanin ပါဝင်မှုနည်းပါးပါတယ်။ အရေပြားကင်ဆာဟာ အသားရောင်ရင့်တဲ့သူတွေအတွက် သေစေနိုင်တဲ့အထိ ပိုပြီးအန္တရာယ်ရှိပါတယ်။ လူတိုင်းလိုပဲ အသားရောင်ရင့်တဲ့သူတွေလည်း အရေပြားကင်ဆာဖြစ်စေတဲ့ ယေဘုယျအဖြစ်ဆုံးအချက်ဖြစ်တဲ့ နေလောင်တာ ဖြစ်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အပြင် မျိုးရိုးရှိတာ သို့မဟုတ် ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေကြောင့်လည်း အခြားအရေပြားကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသားရောင်ရင့်တဲ့သူတွေမှာ သေစေနိုင်တဲ့၊ အန္တရာယ်အလွန်များတဲ့ Melanoma ပုံစံတစ်မျိုးဖြစ်တဲ့ Acral Lentiginous Melanoma (ALM) ပိုပြီး အဖြစ်များတတ်ပါတယ်။ အသားရောင်ရင့်တဲ့သူတွေမှာ အရေပြားကင်ဆာဖြစ်ပြီဆိုရင် နောက်ဆုံးအဆင့်ဖြစ်လေ့ရှိပါတယ်။ ကျွန်တော်တို့အားလုံး သိပြီးသားပါ။ ကင်ဆာရောဂါဆိုတာ စောစောသိပြီးကုသမယ်ဆိုရင်သာ ပျောက်ကင်းနိုင်တာပါ။ ဒါပေမယ့် နောက်ဆုံးအဆင့်တွေဆိုရင်တော့ ဒီအန္တရာယ်ရှိတဲ့ အရေပြားရောဂါအမျိုးအစားကို ကုသဖို့ခက်ခဲသွားပြီလို့ ယူဆရပါတယ်။

အရေပြားကင်ဆာဟာ ကနဦးအဆင့်မှာ ကုသလို့ရတာမို့ ယေဘုယျအဖြစ်ဆုံးဖြစ်တဲ့ အောက်ပါ လက္ခဏာ (၃) ရပ်ကို ဘယ်လိုရှာဖွေတွေ့ရှိနိုင်မလဲဆိုတာသိရင် အကောင်းဆုံးပါပဲ။

၁။ Basal cell Carcinomas

Basal Cell Carcinomas ရဲ့ သတိပေးသင်္ကေတတွေကတော့ သွေးမတိတ်တဲ့အကွက်၊ အဖုအထစ်၊ ကြီးထွားမှု သို့မဟုတ် အပွန်းအပဲ့တွေနဲ့ တခြားနေရာမှာ အသားမာတက်တာတွေ ဖြစ်ပါတယ်

အာဖရိကန်-အမေရိကန် နိုင်ငံသားများထက်စာရင် စပိန်ဘာသာစကားပြောနိုင်ငံသားများ၊ တရုတ်၊ ဂျပန်နိုင်ငံသားများမှာ မြင်တွေ့ရလေ့ရှိတဲ့ ဒီကင်ဆာအမျိုးအစားဟာ ဦးခေါင်း၊ လည်ပင်း၊ ကိုယ်၊ ခြေ လက် စတဲ့ နေရောင်ခြည်ထိတွေ့တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ များသောအားဖြင့် ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့် Basal cell carcinomas ဟာ သင့်ခန္ဓာကိုယ်ရဲ့ နေသိပ်မထိတဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ Basal Cell Carcinomas ရဲ့ သတိပေးသင်္ကေတတွေကတော့ သွေးမတိတ်တဲ့အကွက်၊ အဖုအထစ်၊ ကြီးထွားမှု သို့မဟုတ် အပွန်းအပဲ့တွေနဲ့ တခြားနေရာမှာ အသားမာတက်တာတွေ ဖြစ်ပါတယ်။ ဒီသင်္ကေတတွေက လအတန်ကြာမပျောက်ကင်းတာ ဒါမှမဟုတ် မပျောက်ကွယ်နိုင်ပါဘူး။

၂။ Squamous Cell Carcinoma

Squamous Cell Carcinoma ဖြစ်တဲ့အခါ အကျိတ်၊ အနီရောင် အကြေးခွံလို အကွက်တွေ၊ ကြွက်နို့လိုမျိုး အဖုတွေ၊ တစ်ခါတရံ အသားမာ သို့မဟုတ် သွေးထွက်တဲ့ အနာတွေကို တွေ့ရတတ်

Squamous Cell Carcinoma ဟာ ခန္ဓာကိုယ်ရဲ့ squamous cell တွေမှာ ဖြစ်ပွားတတ်တဲ့ အရေပြားကင်ဆာအမျိုးအစားပါ။ အသားအရောင်ရင့်တဲ့သူတွေထဲမှာ အာဖရိကန်-အမေရိကန်လူမျိုးနဲ့ အာရှ-အိန္ဒိယလူမျိုးတွေမှာ ဒီရောဂါဖြစ်ပွားနိုင်ခြေ မြင့်ပါတယ်။ ဒါက ကုသနိုင်ပေမယ့်လည်း အာဖရိကန်-အမေရိကန်လူမျိုးတွေဟာ ဒီရောဂါကြောင့် ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ နောက်ဆုံးအဆင့်မှာ ဒါက lymph node တွေနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ Squamous Cell Carcinoma ဖြစ်တဲ့အခါ အကျိတ်၊ အနီရောင် အကြေးခွံလို အကွက်တွေ၊ ကြွက်နို့လိုမျိုး အဖုတွေ၊ တစ်ခါတရံ အသားမာ သို့မဟုတ် သွေးထွက်တဲ့ အနာတွေကို တွေ့ရတတ်ပါတယ်။

၃။ Melanoma

ခဲတံထိပ်ထက်အရွယ်အစားပိုကြီးပြီး ဘေးမှာအရောင်တစ်ရောင်ထက်ပိုတဲ့မှဲ့တွေဝန်းရံနေတဲ့ မှဲ့အသစ်တွေကို သတိထားမိရင် ဒါဟာ Melanoma ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်

အရေပြားပေါ်က မှဲ့နဲ့ အညိုရောင် အစက်အပြောက်လေးတွေက အများအားဖြင့်တော့ အန္တရာယ်မရှိဘူးလို့ယူဆကြပေမဲ့ အဲဒါတွေထဲကတချို့က ပိုရှုပ်ထွေးတဲ့ အခြေအနေတွေကို အချက်ပေးနေတတ်ပါတယ်။ တကယ်လို့ သင်က ပုံမှန်မဟုတ်တဲ့၊ ခဲတံထိပ်ထက်အရွယ်အစားပိုကြီးပြီး ဘေးမှာအရောင်တစ်ရောင်ထက်ပိုတဲ့မှဲ့တွေဝန်းရံနေတဲ့ မှဲ့အသစ်တွေကို သတိထားမိရင် ဒါဟာ Melanoma ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံးမှာ မှဲ့ အခုရေ (၁၀၀) ထက်ပိုရင် သင့်မှာ Melanoma ဖြစ်နိုင်ချေ ပိုများတာလို့ ဆိုနိုင်ပါတယ်။

ဘာလူမျိုးပဲဖြစ်နေပါစေ လူတိုင်း အရေပြားကင်ဆာခံစားရနိုင်ပါတယ်။ အထူးသဖြင့် နေရောင်ခြည်နဲ့ ပိုပြီးထိတွေ့ရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အသားအရောင်ရင့်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပေမဲ့ အချိန်မရွေးဖြစ်နိုင်တဲ့ မသိသာပုန်းကွယ်နေတဲ့အန္တရာယ်ကိုတော့ သတိထားသင့်ပါတယ်။ သင့်အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာတာကို သတိထားမိရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုအပ်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top