လေယာဉ်မှူး သတိလစ်သွားလို့ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ပေမဲ့ လေယာဉ်မှူးကို မကယ်တင်နိုင်ခဲ့

17.8.23-yyl-11.jpg

အမေရိကန်နိုင်ငံ မိုင်ယာမီကနေ ချီလီနိုင်ငံကို ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦး သတိလစ် လဲကျသွားခဲ့လို့ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ယခုလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ချီလီလေယာဉ်မှူး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ခရီးသည် ၂၇၁ ဦး လိုက်ပါလာတဲ့ လေကြောင်းအမှတ် LA 505 လေယာဉ်ဟာ မိုင်ယာမီမြို့ကနေ ည ၁၁ နာရီမှာ ထွက်လာခဲ့တာဖြစ်ပြီး ပျံသန်းချိန် ၃ နာရီအကြာမှာတော့ ချီလီလေယာဉ်မှူး အန်ဒူရာ သတိလစ်သွားခဲ့တာပါ။ နောက်ပိုင်း ဆေးစစ်ချက်တွေအရတော့ နှလုံးဖောက်တဲ့လက္ခဏာနဲ့တူတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တွဲဖက်လေယာဉ်မှူးနှစ်ဦးက လေယာဉ်ကို မောင်းနှင်ခဲ့ရပြီး ပနားမားမြို့ကို အရေးပေါ် ဆင်းသက်ခဲ့တာပါ။ တိုကူမန်နိုင်ငံတကာလေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပေမဲ့ လေယာဥၤမှူး အန်ဒူရာကို အသက်ကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။

Ref: Plane forced to make emergency landing after pilot collapses and dies during flight

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top