နိုဝင်ဘာလ ၁၉ ရက်မှာ ရောင်းချမယ့် PlayStation 5 ရဲ့ ဈေးနှုန်းတွေကို ဆိုနီကုမ္ပဏီ ကြေညာ

17-9-2020-yyl-010.jpg

ဆိုနီကုမ္ပဏီက PlayStation 5( PS5) ရဲ့ ဈေးနှုန်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ပါတယ်။ standard version က အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာဖြစ်ပြီး digital edition ကတော့ အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလ ၁၂ ရက်မှာ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ မက္ကဆီကို၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံတချို့မှာ စတင်ရောင်းချမှာဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်ကျရင် တစ်ကမ္ဘာလုံးမှာ ရောင်းချမှာပါ။ စက်တင်ဘာလ ၁၇ ရက်က စပြီး လက်လီအရောင်းကိုယ်စားလှယ်တချို့မှာ ကြိုတင်မှာယူနိုင်ပြီလို့ Playstation ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လက်လီအရောင်းကိုယ်စားလှယ်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

PS5 standard version နဲ့ PS5 digital edition ရဲ့ အဓိကကွာခြားချက်ကတော့ standard version မှာ ဂိမ်းတွေကို အခွေနဲ့ သွင်းနိုင်ပြီး digital edition ကတော့ download လုပ်လို့ပဲ ရပါတယ်။ Final Fantasy XVI နဲ့ Deathloop တို့လို ဂိမ်းအသစ်တချို့ကလည်း PS5 စက်အသစ်မှာပဲ သီးသန့်ကစားလို့ရမယ်လို့ ဆိုပါတယ်။

Ref: Digital Trends ” PlayStation 5 will cost $499, launch on November 12″

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top