Google Play Store မှာ Malware App တွေ ရှာတွေ့

46641729_2251264975128450_620161683762970624_n.jpg

သိပ်မကြာသေးခင်ကပဲ Google Play Store ပေါ်မှာ Malware app တွေ ရှိနေတာကို သိလိုက်ရပါတယ်။ ဒီ App တွေကို ဒေါင်းလော့ဒ် ပြုလုပ်ထားတဲ့သူ အရေအတွက်ပေါင်း ၅ သိန်းကျော် ရှိနေပြီး ဒီအကြောင်းကို Google ဖက်က ခုမှသိတာကတော့ အတော်လေး တာဝန်မဲ့သလို ဖြစ်နေပါတယ်။

Google ဖက်ကတော့ ဒီပြဿနာကို သိသိချင်းမှာပဲ ဖြေရှင်းဖို့ ချက်ချင်းဆောင်ရွက်ခဲ့ပြီး Malware ပါဝင်နေတဲ့ အပ်ပလီကေးရှင်းတွေကို ပိတ်ပစ်လိုက်တာကြောင့် Google Play Store ကနေ အသုံးပြုတွေအနေနဲ့ လက်ရှိမှာ ဒေါင်းလော့ဒ်ဆွဲယူနိုင်ခြင်း မရှိတော့ပါဘူး။

Malware အပ်ပလီကေးရှင်းတွေကို ကားမောင်းဂိမ်း အပ်ပလီကေးရှင်းတွေမှာ အများဆုံးတွေ့ခဲ့ရပြီး လက်ရှိရှာတွေ့ထားတဲ့ Malware အပ်ပလီကေးရှင်း အရေအတွက်ကတော့ ၁၃ ခုလို့ သိရပါတယ်။ စိတ်ဝင်စားစရာက ဒီအပ်ပလီကေးရှင်း ၁၃ ခုလုံးကို Developer တစ်ဦးတည်းက ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒေါင်းလော့ခ်ဆွဲယူထားသူ ၅ သိန်းကျော်ကတော့ malware ကြောင့် ထိခိုက်မှုအနည်းငယ် (ကိုယ်ရေးကိုယ်တာအချက်အလက် ပေါက်ကြားမှုလို) ဖြစ်သွားခဲ့ကြပါတယ်။ ဒီဂိမ်းတွေကို စတင်ဖွင့်ကြည့်ကတည်းက အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး ဂိမ်းအမျိုးအစားအချို့ကတော့ နောက်ထပ် အပ်ပလီကေးရှင်း အသစ်တစ်မျိုးကို ထပ်မံဒေါင်းလော့ဒ်ဆွဲယူခိုင်းတာမျိုး ဖြစ်ပါတယ်။

သတင်းတွေအရ ဒီလိုအဖြစ်က အခုမှ ပထမဆုံးဖြစ်တာမဟုတ်ဘဲ မနှစ်ကလည်း ဖြစ်ပွားခဲ့ပြီး ပိုတောင်ဆိုးရွားခဲ့ပါသေးတယ်။ အသုံးပြုသူဦးရေ ၉ သိန်းလောက်ကနေ သိန်း ၂၀ လောက်အထိ ထိခိုက်ခဲ့တာပါ။ ဒါကြောင့် ကောင်းကျိုးမပေးတဲ့ Malware တွေ ရန်က အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ သံသယရှိတဲ့ အပ်ပလီကေးရှင်းတွေကို အသုံးမပြုမိဖို့ သတိပြုသင့်ပါတယ်။

Ref : BGR “Google just found malware apps hiding in the Play store that were downloaded over 500,000 times”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top