ကမ္ဘာ့အခက်ခဲဆုံးပိုကာကစားပွဲမှာ လူသားချန်ပီယံတွေကိုနောက်ကောက်ချနိုင်ခဲ့တဲ့ AI

robot_poker.jpg

လူသားချန်ပီယံတွေကိုနောက်ကောက်ချနိုင်ခဲ့တဲ့ AI

ကမ္ဘာ့အရှုပ်ထွေးအခက်ခဲဆုံးပိုကာကစားပွဲတစ်ခုမှာ (၈) ရက်ကြာကစားပြီးချိန်လောက်နဲ့ ချန်ပီယံဘွဲ့ယူနိုင်ဖို့ဆိုတာက ယုံရခက်ခက် ကိစ္စတစ်ခုပါ။

ဒါပေမဲ့ ပလာရီဘပ်စ် (Pluribus) ဆိုတဲ့ AI (ဥာဏ်ရည်တုစနစ်) ကတော့ အဲဒါကို တကယ်လုပ်ပြနိုင်ခဲ့ပါတယ်။ သူက ရှုပ်ထွေးခက်ခဲလှပါတယ်ဆိုတဲ့ Texas hold‘em ပိုကာကစားပွဲမှာ လေးထပ်ကွမ်းကမ႓ာ့ချန်ပီယံအပါအဝင် တခြားကစားသမားကောင်းတွေကို အနိုင်ယူခဲ့တာပါ။

ဒီ AI ဟာ Texas hold‘em ပိုကာကစားပွဲရဲ့ ဘယ်လိုအနေအထားမျိုးက နိုင်ချေပိုများတတ်တယ်ဆိုတာဆုံးဖြတ်တတ်ဖို့ သူ့ဘာသာ အလှည့်ပေါင်း ထရီလျံချီကစားကြည့်ခဲ့ပြီးလေ့လာမှတ်သားထားတာပါ။

ဒီအခြေအနေအတိုင်းသာဆို ပလာရီဘပ်စ်အနေနဲ့ အနာဂတ်မှာ ပိုအဆင့်မြင့်တဲ့အယ်လ်ဂိုရစ်သမ်ကိုသုံးပြီး ဝေါလ်စထရိကုန်သွယ်ရေးကဏ္ဍ၊ နိုင်ငံရေးစေ့စပ်ဆွေးနွေးမှုတွေနဲ့ ဆိုက်ဘာလုံခြုံရေးကဏ္ဍတို့လို နယ်ပယ်တွေမှာ လုပ်ဆောင်လာနိုင်ချေရှိတယ်လို့ သုတေသနပြုသူတွေက ယူဆနေကြပါတယ်။

သတိပြုဖို့ကောင်းတာကတော့ ဒါဟာ လူသားတို့အတွက် သေးငယ်တဲ့ခြေလှမ်းတစ်လှမ်းမျှဖြစ်ပေမဲ့လည်း ဥာဏ်ရည်တုစနစ်တစ်ခုအတွက်ကတော့ မိုင်ပေါင်းများစွာပမာဏထိရောက်ရှိလာတဲ့သဘောဖြစ်နေတယ် ဆိုတာပါပဲ။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top