Charlie’s Angles ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ့် မင်းသမီး ခရစ္စတင်းစတီးဝပ်

yyl-002.jpg

Charlie’s Angles ဇာတ်ကားကိုတော့ ရုပ်ရှင်ဖန်သားပြင်မှာ တတိယအကြိမ်မြောက်ရုံတင်ဖို့လာမယ့်နှစ်မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အမျိုးသမီးဒါရိုက်တာ အယ်လိဇဘတ်ကရိုက်ကူးပြီး ခရစ္စတင်းစတီးဝပ်အပါအဝင်

မင်းသမီးသုံးလက် ပါဝင်သရုပ်ဆောင်သွားမှာပါ။

Twilight မင်းသမီး စတီးဝပ် နဲ့တွဲဖက်ပြီး ဗြိတိသျှမင်းသမီးတွေဖြစ်တဲ့ နာအိုမီစကော့တ် (Naomi Scott) နဲ့ အဲလာဘလင်စကာ (Ella Balinska) တို့က ဒါရိုက်တာ အယ်လိဇဘတ် ပြန်လည်ရိုက်ကူးပြီး ၁၉၇၀ ပြည့်နှစ်ကနာမည်ကျော်ကြားခဲ့တဲ့မှုခင်းရုပ်ရှင်မှာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သွားကြမှာဖြစ်တယ်လို့ ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးကေ ပောပါတယ်။

Pitch Perfect 2 ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာအဲလိဇဘတ်က ပူးတွဲထုတ်လုပ်သူ ၊ ပူးတွဲစာရေးဆရာအဖြစ် ပါဝင်မယ့်အပြင် မူရင်းရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင် နှစ်ခုစလုံးမှာ အမျိုးသားဇာတ်ရုပ် Bosley နေရာက ပါဝင်သရုပ်ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်က အမေရိကန်ရုပ်သံမှာ ပထမဆုံးထုတ်လွှင့်ခဲ့တဲ့ Charlie’s Angels မှာတော့ ဖာရေးဖောစတ်(Farrah Fawcett) ၊ ကိတ်ဂျက်ဆန်( Kate Jackson ) နဲ့ ဂျက်လင်းစမစ် (Jaclyn Smith ) တို့က လျှို့ဝှက်ထောက်လှမ်းရေးသမားတွေအဖြစ် သူတို့ဘောစိ ချာလီရဲ့မစ်ရှင်ကို ဆောင်ရွက်ရတာဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ မင်းသမီး လူစီလျို (Lucy Liu ) ၊ ကမ်မရွန်းဒိုင်ယာဇ် (Cameron Diaz) နဲ့ ဒရူးဘယ်ရီမော (Drew Barrymore )တို့ကပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်အဖြစ်ပြောင်းလဲခဲ့ပြီး ၂၀၀၃ ခုနှစ်မှာလည်း Charlie’s Angels:Full Throttle ဆိုတဲ့ နောက်ဆက်တွဲရုပ်ရှင်ကို ဒီမင်းသမီးတွေနဲ့ပဲ ရိုက်ကူးခဲ့တာပါ။

Charlie’s Angles ရုပ်ရှင်အသစ်ကို၂၀၁၉ ခုနှစ် စက်တင်ဘာမှာ ဖြန့်ချိဖို့ ခန့်မှန်းထားပေမဲ့ ရုပ်ရှင်နာမည်နဲ့ ဇာတ်လမ်းအကြောင်းအရာအသေးစိတ်ကို တော့အခုချိန်ထိ ကြေညာထားခြင်း မရှိသေးပါဘူး။

Ref: BBC “Kristen Stewart to star in Charlie’s Angles reboot –what can we expect?”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top